နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းကို စတာဝန်ယူတဲ့နှစ်မှာပဲ ဖလားရအောင်စွမ်းဆောင်ပေးနိုင်တဲ့ မန်နေဂျာများ

ဩဂုတ်  ၃၀


ဘောလုံးအသင်းနည်းပြတွေထဲမှာ အသင်းကိုစတာဝန်ယူခဲ့တဲ့နှစ်မှာပဲ ချန်ပီယံလိဂ်ဖလားရအောင် စွမ်းဆောင်နိုင်တဲ့ နည်းပြဆိုတာရှိတော့ရှိတယ် ရှားတယ်လို့ဆိုရမှာပါ။ နည်းပြတစ်ယောက်ဟာ အသင်းကို အောင်မြင်မှုရဖို့ဆိုရင် အချိန်ယူတည်ဆောက်ရမှာပါ။ ဒါပေမယ့် အချို့သောနည်းပြများဟာ  ထူးထူးခြားခြား ပါပဲ။ အသင်းကိုပထမဆုံးစတာဝန်ယူရတဲ့  နှစ်ရာသီမှာပဲ ချန်ပီယံလိဂ်ဖလားရအောင်ယူပေးနိုင်ခဲ့တဲ့ နည်းပြ တွေပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီနည်းပြတွေထဲက ငါးဦးကိုဖော်ပြပေးသွားပါမယ်။

ဟန်စီဖလစ်ကို ပရိသတ်တွေ သိပ်မသိကြပါဘူး၊ ဖရန့်ဖက်ကနည်းပြ ကိုဗတ်ကိုထုတ်ပြီး လက်ထောက် နည်းပြ ဟန်စီဖလစ်ကို အစမ်းခန့်တာပါ။ အသင်းရလဒ်တွေကောင်းလာတာကြောင့် အတည်ခန့်အပ်ခံ ရပါတယ်။ နောက် ပထမနှစ်မှာပဲ ဖလားသုံးလုံးကိုရယူပြနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကို ယိုင်နဲ့နဲ့ နဲ့  ချန်ပီယံလိဂ်ဖလားယူပေးခဲ့သူကတော့  ဒီဗက်တီယူပါပဲ။ ချဲလ်ဆီးကို ဘိုအာ့စ်ရဲ့လက်ထောက်အနေနဲ့ရောက်ရှိလာပြီး ဘိုအာ့စ်ကိုထုတ်ပယ်ချိန်မှာ  နည်းပြတာဝန်ယူခဲ့ရသူပါ။ ဘိုင်ယန်ကိုအနိုင်ကန်ပြီး သမိုင်းဝင်ချန်ပီယံလိဂ်ဖလားအရယူပေးခဲ့သူပါ။

ဘာစီနည်းပြ အင်းနရစ်ဟာ အသင်းကိုတာဝန်စယူရချိန်၊ ဆွာရက်ဇ်ကလည်း အသင်းကိုရောက်ချိန်မှာ  ဘာစီဟာ ပွဲတိုင်းကိုအနိုင်ရခဲ့ပြီး ဖလားသုံးလုံးပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဇီဒန်းဟာလည်း ချန်ပီယံလိဂ်မာစတာပါ။ အသင်းကိုစတင်ကိုင်တွယ်ရချိန်လပိုင်းမှာပဲ ယူစီအယ် ဖိုင်နယ်ကိုရောက်ခဲ့ကာ ၁၁ ကြိမ်မြောက်ဖလားပါ ရယူပေးနိုင်ခဲ့ပါတယ်။ လွယ်လွယ်ကူကူမဟုတ်ပါ။ မန်စီးတီး၊ အက်-တီကိုတို့ကို ကျော်ဖြတ်ပြီးမှရခဲ့တာပါ။ 

ဂွါဒီယိုလာဟာ ဘာစီလိုနာ ဘီအသင်းကနေ အသင်းကြီးကိုတာဝန်စယူချိန်မှာ ပထမဆုံးနှစ်မှာပဲ ဘာစီတို့ ဖလားသုံးလုံးယူပြနိုင်ခဲ့ပါတယ်။ နောက် ချဲလ်ဆီး၊ မန်ယူတို့ကိုကျော်ဖြတ်ကာ ချန်ပီယံလိဂ်ကိုပါ ဗိုလ်စွဲခဲ့ပါတယ်။                                                                                                                                         (SO)






အခြားဆက်စပ်သတင်းများ