နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘီလာရုစ်အာဏာပိုင်များက ပြည်ပဂျာနယ်လစ်များ၏ အသိအမှတ်ပြုကတ်ပြားများကို သိမ်းဆည်း

မင့်စ်၊ ဩဂုတ် ၃၀


ဘီလာရုစ်နိုင်ငံ၏ ရွေးကောက်ပွဲအလွန် ဆန္ဒပြပွဲများအကြောင်း  ပြည်ပမီဒီယာများတွင် ဖော်ပြရန် သတင်းရယူနေသည့် ဂျာနယ်လစ်များ၏ အသိအမှတ်ပြု ကတ်ပြားများကို  အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။ အသိအမှတ်ပြုကတ်ပြား သိမ်းဆည်းခံရသူများတွင် ဘီဘီစီသတင်းဌာန၏ ရုရှားဘာသာစကားဖြင့် ဖော်ပြသည့် အစီအစဉ်မှ ဂျာနယ်လစ်နှစ်ဦးလည်း ပါဝင်သည်။ ပြီးခဲ့သည့်စနေနေ့က ဘီလာရုစ်နိုင်ငံတွင် အစိုးရအပေါ် ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများ ထပ်မံပေါ်ပေါက်ခဲ့သည်။ 

သြဂုတ်လအစောပိုင်းက ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ဘီလာရုစ်နိုင်ငံကို ကာလရှည်အုပ်ချုပ်ခဲ့ သည့် လက်ရှိသမ္မတ လူကာရှန်ကို အနိုင်ရစေရန် မဲမသမာမှုများ ကျူးလွန်ခဲ့သည်ဟု ယုံကြည်နေကြခြင်းကြောင့် ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ ပြီးခဲ့သည့်စနေနေ့တွင် ရိုးရာဝတ်စုံ ဝတ်ဆင်ထားသူအများအပြား အပါအဝင် အမျိုးသမီးထောင်ပေါင်းများစွာက ဘီလာရုစ်နိုင်ငံမြို့တော် မင့်စ်မြို့တွင် စုဝေးခဲ့ကြပြီး အလံများ၊ ပန်းစည်းများကို ဝှေ့ယမ်းဖော်ပြခဲ့သည်။ သွေးစည်းညီညွတ်မှု ချီတက်ပွဲဟု အမည်ပေးထားသည့် ဆန္ဒထုတ်ဖော်မှုတွင် ဆန္ဒပြသူများက သမ္မတ လူကာရှန်ကိုနှင့် ယင်း၏အစိုးရအဖွဲ့ကို ရာထူးမှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ 

ထို့နောက်တွင် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် လှုပ်ရှားခဲ့ပြီး ဖမ်းဆီးမှု အများအပြား ပြုလုပ်ခဲ့သည်။ ဘီလာရုစ်နိုင်ငံ၏ အခြားဒေသများတွင်လည်း လူအနည်းငယ်ပါဝင်သည့် စုဝေးပွဲများ ဖြစ်ပေါ်ခဲ့သည်။ ဂျာနယ်လစ်များ၏ လုပ်ပိုင်ခွင့် အသိအမှတ်ပြုကတ်ပြားများသိမ်းဆည်းခြင်းကို ဘီဘီစီသတင်းဌာနက ရှုတ်ချခဲ့ပြီး ယင်းတို့၏ သတင်းထောက်များကို လုပ်ပိုင်ခွင့် ပြန်ပေးရန် ဘီလာရုစ် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ ကြပ်မတ်ဆောင်ရွက်ရာတွင် တောင်အာဖရိက လုံခြုံရေးတပ်ဖွဲ့များက အနည်းဆုံး လူ ၁၀ ဦးကို သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။                                                             

 KNT






အခြားဆက်စပ်သတင်းများ