နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲလုံခြုံရေးအတွက် လွှတ်တော်ထံသို့ မျက်နှာချင်းဆိုင် ရှင်းလင်းတင်ပြမှုကို အမေရိကန်ထိပ်တန်းထောက်လှမ်းရေးရုံး အဆုံးသတ်

ဝါရှင်တန်၊ ဩဂုတ် ၃၀


ထိလွယ်ရှလွယ်သည့် သတင်းအချက်အလက်များ ပေါက်ကြားမှုကို စိုးရိမ်ပူပန်ခြင်းကြောင့် ရွေးကောက်ပွဲလုံခြုံရေး၊ ပြည်ပနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ လွှတ်တော်အမတ်များကို မျက်နှာချင်းဆိုင် ရှင်းလင်းတင်ပြမှု လုပ်တော့မည်မဟုတ်ဟု အမေရိကန်နိုင်ငံ ထိပ်တန်းထောက်လှမ်းရေးရုံးက ပြောသည်။ ယင်းတို့အနေဖြင့် မျက်နှာချင်းဆိုင် ရှင်းလင်းတင်ပြမှုအစား အစီရင်ခံစာသာ ရေးသားတင်ပြမည်ဟု အမျိုးသားထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူးရုံးက ဆိုသည်။ အဆိုပါဆုံးဖြတ်ချက်ကို ဒီမိုကရက်တစ်ပါတီဝင်များက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပြီး ထောက်လှမ်းရေး ရုံးအနေဖြင့် လွှတ်တော်ထံ သတင်းပေးပို့ရမည့် တာဝန်ကို ဖယ်ရှားခဲ့သည်ဟု စွပ်စွဲခဲ့သည်။ 

သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ကလည်း အမေရိကန်ရွေးကောက်ပွဲများအပေါ် ရုရှား၊ အခြားနိုင်ငံများ ၏ ခြိမ်းခြောက်မှုကို လျှော့တွက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီစနစ်လမ်းကြောင်း သွေဖယ်စေရန် ပြည်ပအင်အားကြီးနိုင်ငံများက မည်ကဲ့သို့ လုပ်ဆောင်နေသည်ဆိုခြင်းကို ပြည်သူများ အနေဖြင့် သိပိုင်ခွင့်ရှိသည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပါလော့စီ၊ အောက်လွှတ်တော်၏ ထောက်လှမ်း ရေးကော်မတီအကြီးအကဲ အဒမ်ရှစ်ဖ်တို့က ပြောသည်။ မျက်နှာချင်းဆိုင် ရှင်းလင်းတင်ပြမှုကို အဆုံးသတ်မည့် အတွက် လွှတ်တော်အနေဖြင့် အမျိုးသားထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူးရုံးမှ အရာရှိများကို မေးခွန်းထုတ်ရန် အခွင့်အလမ်းနည်းပါးသွားမည်ဖြစ်သည်။ ယခင်က မျက်နှာချင်းဆိုင် ရှင်းလင်းတင်ပြမှုများတွင် ထိလွယ်ရှလွယ်သည့် သတင်းအချက်အလက်များ ပေါက်ကြားခဲ့ကြောင်း၊ အဆိုပါအခြေအနေကို အမျိုးသား ထောက်လှမ်းရေးဆိုင်ရာ ညွှန်ကြားရေးမှူးရုံးမှ အရာရှိများက စိုးရိမ်နေသည်ဟု သတင်းများက ဖော်ပြသည်။ ''  နေထိုင်မှုပုံစံသစ် ဆိုတာ ဖက်ဆစ်ဝါဒသစ်'' ဟု ရေးသားထားသည့် စာတမ်းများ ကိုင်ဆောင်ဖော်ပြခဲ့သည်။ ပြင်သစ်နိုင်ငံ ပါရီမြို့၊ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၊ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့များတွင်လည်း အလားတူ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။                                                                                                         

KNT






အခြားဆက်စပ်သတင်းများ