နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်ဝက်အတွင်း App Store ဂိမ်း apps များမှ ဒေါ်လာ ၂၂ ဒသမ ၂ ဘီလျံ ဝင်ငွေရရှိ

ရန်ကုန်   ဩဂုတ်  ၃၀


၂၀၂၀ ပြည့်နှစ်၏ ပထမ ၆ လအတွင်း Apple App Store ၏ ဂိမ်းကဏ္ဍမှ ရရှိသည့်ဝင်ငွေသည် ယခင်နှစ်ကထက် ၂၃ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း Apple က ပြောထားသည်။ Sensor Tower နှင့် Statista ၏နောက်ဆုံးရအချက်အလက်များအရ App Store သည် ၂၀၂၀ ပထမ ၆ လအတွင်း Gaming apps များမှ ဝင်ငွေဒေါ်လာ ၂၂ ဒသမ ၂ ဘီလျံအထိ စံချိန်တင်ရခဲ့သည်။ ပြီးခဲ့သည့်နှစ် ပထမ ၆ လအတွင်းတွင် App Store သည် ဂိမ်း apps များမှ ဝင်ငွေ ဒေါ်လာ ၁၈ ဒသမ ၁ ဘီလျံရခဲ့သည်။  ဧပြီနှင့် ဇွန် ၃ လအတွင်း Apple App Store ဝင်ငွေသည် ဒေါ်လာ ၁၁ ဒသမ ၆ ဘီလျံ ရှိခဲ့ပြီး Google Play Store က ဒေါ်လာ ၇ ဒသမ ၇ ဘီလျံ ဝင်ခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ပထမ ၆ လအတွင်း Google Play Store သည် ဂိမ်းများပေါ်မှ ဝင်ငွေ ဒေါ်လာ ၁၄.၆ ဘီလျံရခဲ့ပြီး App Store က Play Store ထက် ၅၂ ရာခိုင်နှုန်းကျော် ပိုမိုဝင်ငွေရခဲ့ကြောင်း သိရသည်။  App Store ပေါ် ငွေသုံးစွဲမှုမြင့်နေကြသော်လည်း app downloads အရေအတွက်မှာ Google Play Store က ပိုသာနေသည်။ ၂၀၂၀ ပြည့်နှစ် ပထမ ၆ လပတ်အတွင်း Google Play Store ပေါ်တွင် မိုဘိုင်းဂိမ်း ဒေါင်းလုပ်ဆွဲမှုသည် အကြိမ်ပေါင်း ၂၂ ဒသမ ၈ ဘီလျံနှင့် App Store ပေါ်တွင် အကြိမ်ပေါင်း ၅ ဒသမ ၇ ဘီလျံရှိသည်။ ဂိမ်းဒေါင်းလုပ်ဆွဲမှုအနေဖြင့် PUBG Mobile နှင့် Honor of Kings တို့သည် ဝင်ငွေအမြင့်ဆုံး ဂိမ်းနှစ်ခုဖြစ်ပြီး ပထမ ၆ လအတွင်း ဝင်ငွေ ဒေါ်လာ ၁ ဘီလျံကျော်ရရှိခဲ့သည်။ တတိယမြောက်ဝင်ငွေအကောင်းဆုံးဂိမ်း ဖြစ်သည့် Monster Strike ဂိမ်းသည် ၆ လအတွင်း ခန့်မှန်းခြေဒေါ်လာ ၆၃၂ သန်း ဝင်ခဲ့ကြောင်း သိရသည်။  


(WP)






အခြားဆက်စပ်သတင်းများ