နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာအလုပ်သမားများ ခေါ်ယူရေးကို ထိုင်းလုပ်ငန်းရှင်များ ရက်ရွှေ့ဆိုင်း

မြဝတီ သြဂုတ် ၃၀


မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများမြင့်တက်နေသည့်အတွက် မြန်မာအလုပ် သမားများအားခေါ်ယူခန့်ထားခြင်းကို ရက်ရွှေ့ဆိုင်းထားရန် ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအားသက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားထားကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသော အဖွဲ့အစည်းများမှ သိရသည်။

ယခုအခါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြင့်တက် နေပြီးမြန်မာနိုင်ငံတွင်အစောပိုင်းကပြည်ပမှ ပြန်လာသူတွင်သာ ရောဂါကူးစက်မှု စစ်ဆေးတွေ့ရှိရသော် လည်း လွန်ခဲ့သော သီတင်း ၂ ပတ်အတွင်းပြည်တွင်းကူးစက်မှုများ အများအပြားရှိလာသဖြင့် ယခုကဲ့သို့ မြန်မာအလုပ်သမားများအား ခေါ်ယူခန့်ထားခြင်းကို ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက်ယခုအခါ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ထိုင်းနိုင်ငံအတွင်းရှိ ဒေသများတွင် မြန်မာနိုင်ငံဘက်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများခိုးဝင်မလာနိုင်စေရန် နယ်စပ်လုံခြုံရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းသို့ နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့ဆောင်ရွက်ခြင်းအပြင် မြန်မာနိုင်ငံမှ တရားဝင်လာရောက်ကြသူ များကိုလည်းလိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ ခရိုင်များဖြစ်သော Chiang Mai ၊ Chiang Rai ၊ Mae Hong Son နှင့် Ranong အပါအဝင် ခရိုင်ဒေသ ၁၀ ခုမှ အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာထိုင်းအာဏာပိုင် အကြီးအကဲများက ညွှန်ကြားထားကြောင်း သိရသည်။


(မိုးယံထက်)






အခြားဆက်စပ်သတင်းများ