နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ သို့ စားစရိတ်နှင့် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနား ပြုလုပ်

ရန်ကုန်  ဩဂုတ်လ ၂၉ ရက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စားစရိတ်နှင့် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီက မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးဂေဟာနှင့်လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ  မေတ္တာပရဟိတ အနာကြီးရောဂါ စောင့်ရှောက်ရေးဂေဟာ တွင် video conference ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဥာဏ်မြင့်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက video  အဖွင့်အမှာစကားပြောကြားပြီး ကော်မတီဝင် ဒေါ်သန်းမြင့်အောင်မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။ဆက်လက်၍ လူမှုစောင့်ရှောက်ရေးဂေဟာရှိ စောင့်ရှောက်ခံ ပုဂ္ဂိုလ် (၁၀၂) ဦးအား စားစရိတ်ထောက်ပံ့ငွေ တစ်ရက်လျှင် ကျပ် ၅၀,၀၀၀ိ/- နှုန်းဖြင့်  ရက်ပေါင်း (၁၂၀) အတွက် ကျပ် ၆,၀၀၀,၀၀၀ိ/- အားလည်းကောင်း၊ မေတ္တာပရဟိတအနာကြီး ရောဂါ စောင့်ရှောက်ရေးဂေဟာရှိ စောင့်ရှောက်ခံ ပုဂ္ဂိုလ် (၁၄၅)ဦးအား အခြေခံစားသောက်ကုန်နှင့် COVID-19 ရောဂါ ကာကွယ်ရေးပစ္စည်းများအတွက် တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ိ/-နှုန်းဖြင့် ကျပ် ၇,၂၅၀,၀၀၀ိ/- အားလည်းကောင်း၊ စားစရိတ်ထောက်ပံ့ငွေ တစ်ရက်လျှင် ကျပ် ၁၀၀,၀၀၀ိ/- နှုန်းဖြင့် ရက်ပေါင်း (၁၂၀)အတွက်  ကျပ် ၁၂,၀၀၀,၀၀၀ိ/- အားလည်းကောင်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၉,၂၅၀,၀၀၀ိ/- အား တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းအောင်၊ ကော်မတီဝင် ဒေါ်သန်းမြင့်အောင်နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ကြေးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် လူမှုစောင့်ရှောက်ရေးဂေဟာနှင့် မေတ္တာပရဟိတအနာကြီးရောဂါ စောင့်ရှောက်ရေးဂေဟာတွင် ရှိသော ဂေဟာစောင့်ရှောက်ရေး ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကားများ အသီးသီးပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ video confrence
ဖြင့် နိဂုံးချုပ်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ