နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ Ventilator အသက်ရှူအထောက်အကူပြုစက် လာရောက်လှူဒါန်း

ပဲခူး၊ ဩဂုတ် ၂၉

Ventilator အသက်ရှူအထောက်အကူပြုစက်များကို မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက် လုပ်ငန်းရှင်ကြီးများမှ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို သြဂုတ် ၂၈ ရက်က ပဲခူးမြို့၊ ခုတင် ၅၀ဝ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအပေါ်ထပ် အစည်းအဝေးခန်းမတွင် ကျင်းပ   ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် မြန်မာဘရူဝါရီလီမိတက်နှင့် စီးပွားမိတ်ဖက်လုပ်ငန်းရှင်ကြီးများမှ ငွေကျပ် ၁၆၅ သိန်းတန်ဖိုးရှိ Ventilator အသက်ရှူအထောက်အကူပြုစက် ၁ လုံးအား ပဲခူးမြို့၊ ခုတင် ၅၀ဝ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာ‌အောင်နှင့် မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာယုသဉ္စာနွယ်တို့ထံ ပေးအပ်လှူဒါန်းခဲ့ပြီး အဆိုပါလှူဒါန်းမှုအတွက် ဒုတိယ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။

မြန်မာဘရူဝါရီလီမိတက်အနေဖြင့်၂၀၂၀ ပြည့်နှစ် ဇွန် ၃ ရက်နေ့တွင်လည်း ရန်ကုန်မြို့၊ ဝေဘာဂီ အထူးကုဆေးရုံကြီး ICU အရေးပေါ်ဌာနအတွက် Patient Monitors ၂ စုံ၊ Oxygen Concentrators ၂ စုံနှင့် မြောက်ဥက္ကလာပ ဆေးရုံကြီး ICU အရေးပေါ်ဌာနအတွက် Patient Monitors ၂ စုံ၊ ဩဂုတ် ၂၀ ရက်တွင် မုံရွာပြည်သူ့ဆေးရုံကြီးတွင် Ventilator အသက်ရှူစက် ၁ လုံး၊ ဩဂုတ် ၂၁ ရက်တွင် မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးအတွက် Ventilator အသက်ရှူစက် ၁ လုံး လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင်  မြန်မာနိုင်ငံရှိ ဆေးရုံများသို့လည်း Ventilator  အသက်ရှူစက်များ ဆက်လက်လှူဒါန်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ