နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာဆောင်ရွက်ရန် စက်ယန္တရားများ ပေးအပ်လှူဒါန်း

ပုသိမ်၊ ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာဆောင်ရွက်ရန်  စက်ယန္တရားများပေးအပ်လှူဒါန်းပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဩဂုတ် ၂၈ ရက် ထုတ်ပြန်သတင်းများ အရသိရသည်။ အဆိုပါစက်ယန္တရားများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ခရိုင်ကျေးလက်ဦးစီးမှူးရုံးများနှင့် မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများအနေဖြင့်            ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စည်ပင်သာယာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး      ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်း လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ယန္တရားများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဩဂုတ် ၂၇ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားတွင် မြေတူးစက် တန်(၂၀) တစ်စီး၊ မြေတူးစက် (၃ ဒသမ ၅) တန် ၉ စီး၊ မြေတူးစက် (၅ ဒသမ ၅)တန် ၃ စီး စုစုပေါင်း ၁၃ စီးလွှဲပြောင်း ပေးအပ်ခဲ့သည်။ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စက်ယန္တရားများ ဝယ်ယူလှူဒါန်းမှုကို ယခုအကြိမ်ပါဆိုလျှင် မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများအတွက် ၄ ကြိမ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအတွက် ၁ ကြိမ်၊ ဖြည့်ဆည်းပေးအပ် လှူဒါန်းပေးခဲ့ပြီး ယာဉ်အစီးရေ ၆၃ စီး၊ စက်ယန္တရား ၃၈ စီး၊ သုံးဘီးဆိုင်ကယ် ၅၆ စီး စုစုပေါင်း ၁၅၇ စီး ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး  ဖြစ်သည်။ အဆိုပါစက်ယန္တရားများကို ရန်ပုံငွေကျပ်သန်း ၅၁၇၆ သန်းကျခံလျက် တင်ဒါစနစ်ဖြင့် ဝယ်ယူထောက်ပံ့         ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေဒုံသစ္စာ






အခြားဆက်စပ်သတင်းများ