နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ကာလကို စက်တင်ဘာလ ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်

ရန်ကုန်   ဩဂုတ်  ၂၉

ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် ကန့်သတ်တားမြစ် ချက်များ ထုတ်ပြန်သတ်မှတ်ထားသော ကာလကို လာမည့်စက်တင်ဘာလ ၃၀ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း ဩဂုတ်  ၂၈ ရက်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှထုတ်ပြန်သော အသိပေးကြေညာချက်အရ သိရသည်။

အဆိုပါ အသိပေးကြေညာချက်တွင် ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်၊ ထိန်းချုပ်၊တားဆီးရေးဆိုင်ရာ ပြည်သူများသို့ပန်ကြားချက်များ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များ(ဖြေလျှော့/တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များမပါ) စသည်တို့ကို လာမည့်စက်တင်ဘာလ ၃၀ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက် ကြောင်း ဖော်ပြပါရှိသည်။

ယခုအခါ ပြည်တွင်း၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင် ရာ အစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက် လျက်ရှိသလို COVID-19  ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို လည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို ယာယီပြန်လည်ပိတ်ထားပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပြုထားသော စက်ရုံ၊အလုပ်ရုံများ၊ စားသောက်ဆိုင်များကိုလည်း နိုင်ငံတော်မှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကာ ဖွင့်လှစ်လုပ်ကိုင်ကြရန် သက်ဆိုင်ရာမှညွှန်ကြားထားကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ