နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vivo S1 Prime ရဲ့ အံ့အားသင့်ဖွယ်ရာ ကင်မရာစွမ်းဆောင်ရည်တွေနဲ့ ရိုက်ကူးခဲ့တဲ့ မြန်မာနိုင်ငံရှေးဟောင်းမြို့တော်၏ ခမ်းနားထည်ဝါမှု အလှတရားများ

ရန်ကုန်   ဩဂုတ်  ၂၉

Vivo S1 Prime Limited Edition ရဲ့ ထူးခြားချက်က အများနဲ့မတူ ထူးခြားတောက်ပတဲ့ အရောင်ဆန်း ဖြစ်တဲ့အပြင် 16 MP ရှေ့ကင်မရာ၊ နောက်ဘက် 48 MP (ပင်မကင်မရာ) + 8 MP (မြင်ကွင်းကျယ်ကင်မရာ) + 2 MP Macro ကင်မရာ + 2 MP (အနီးကပ်ရိုက်နိုင်သည့်ကင်မရာ) တို့ပါ၀င်တဲ့ စိန်ပွင့်ပုံစံကင်မရာဒီဇိုင်း လို့လည်းဆိုနိုင်ပါတယ်။ ယနေ့ခေတ်ရဲ့ ဖက်ရှင်ရေစီးကြောင်း၊ အနုပညာဖန်တီးမှုကို အဓိကပံ့ပိုးပေးတာ ကတော့ ဓာတ်ပုံရိုက်ကူးမှုနည်းပညာတွေ တိုးတက်လာခြင်းပါပဲ။ ဒါကြောင့် နောက်ပိုင်းထုတ်လုပ်လာတဲ့ စမတ်ဖုန်းသစ်တွေမှာ အရည်အသွေးကောင်းမွန်ပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေရိုက်ကူးနိုင်မယ့် features တွေ အပြိုင်အဆိုင်ထည့်သွင်းထားကြောင်းသိရသည်။

တစ်သက်တာအမှတ်ရစေမယ့် ခရီးသွားမှတ်တမ်းဓာတ်ပုံ၊ ဗီဒီယိုတွေကို Vivo S1 Prime Limited Edition မှာပါဝင်တဲ့ကင်မရာက အရည်အသွေးပြည့်မီကောင်းမွန်အောင်ရိုက်ကူး နိုင်တယ်ဆိုတာ သက်သေပြဖို့ Vivo ကနေ Akhayar Lifestyle နဲ့အတူ အင်းဝမြို့ဟောင်းမှာ ခရီးသွား Vlog လေးတစ်ခု ပူးပေါင်းဖန်တီးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရဲ့ ခမ်းနားထည်ဝါတဲ့ ရှေးဟောင်းမြို့တော်၊ သမိုင်းမှတ်တမ်းအထောက်အထားတွေ အများကြီး ကျန်နေသေးပြီး ရာဇဝင်တွင်ခဲ့တဲ့ အင်းဝမြို့ဟောင်းရဲ့ ဂန္တဝင်မြောက် အလှတရားတွေကို ခေတ်မီ ဖက်ရှင် ဆန်းပြားမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ ရင်သပ်ရူမောစရာပုံရိပ်တွေကို မြင်တွေ့နိုင်ခဲ့သည်။

အင်းဝမြို့ဟောင်းမှာ ဖုန်းနဲ့ဓာတ်ပုံအလန်းစားတွေ ရိုက်တတ်သူ နာမည်ကျော်နေတဲ့ကလေးတွေ လည်းရှိကြောင်းသိရပြီး နောက်ဆုံးပေါ် ဖုန်းအမျိုးအစားအစုံကျွမ်းကျင်စွာ ကိုင်တွယ်တတ်ပြီး ဓာတ်ပုံ အရိုက်ခံသူတွေကို အကောင်းဆုံးကိုယ်နေဟန်ထား၊ location နေရာတွေပါ ပြသပေးနိုင်လို့ ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်သူတွေပါ။

သူတို့လေးတွေကလည်း Vivo S1 Prime ကင်မရာမှာပါဝင်တဲ့ features တွေကို သဘောကျနှစ်သက်ကြပြီး ပါဝင်ကူညီရိုက်ကူးပေးခဲ့ကြကြောင်း သိရသည်။
Vivo S1 Prime မှာပါဝင်တဲ့ ကင်မရာတွေက အကျယ်ချဲ့ရိုက်ကူးရတဲ့ မြင်ကွင်းကျယ်ပုံတွေနှင့် ရုပ်ထွက် အရည်အသွေးကောင်းမွန်တဲ့ အမှတ်တရပုံတွေကို အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရိုက်ကူးပုံဖော်ရာမှာ ကူညီနိုင်မှာပါ။ ထပ်မံပါ၀င်လာတဲ့ AI face beauty, Super night selfie နဲ့ pose master လိုမျိုး ကင်မရာစွမ်းဆောင်ရည်တွေကလည်း မူလရှိနေတဲ့ အရည်အသွေး‌ပျေက်ပြားသွားခြင်းမရှိစေဘဲ စွဲမက်ဖွယ်ရာ ကောင်းမွန်သည့် Portraits ပုံများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ