နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
realme Fan Fest တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခြင်း အခမ်းအနား ကျင်းပ

ဩဂုတ်  ၂၉

သြဂုတ်လ ၂၈ ရက်တွင် တစ်ကမ္ဘာလုံးရှိ realme Global Fan Festival ကို ကိုယ်စားပြုသည့်အနေဖြင့် realme Myanmar ကလည်း realme Fan Fest ကို ထူးခြားသည့် အစီအစဉ်ပေါင်းများစွာပေါင်းစပ်ကာ Online Verstion အဖြစ် တိုက်ရိုက်ထုတ်လွှင့်မိတ်ဆက်ပေးခဲ့သည်။ အွန်လိုင်းပုံစံအဖြစ် ကျင်းပပြုလုပ် ပေးသည့် realme Fan Fest အခမ်းအနားအစီအစဉ်တွင် realme ၏နောက်ဆုံးထုတ်တန်ဖိုးသင့် စမတ်ဖုန်းဖြစ်သည့် realme C12 ကိုပါ တစ်ပြိုင်တည်းထည့်သွင်းမိတ်ဆက်ပေးသွားခဲ့သည်။

လက်ရှိတွင် realme C12 စမတ်ဖုန်းသစ်ကို သြဂုတ်လ (၂၅) ရက်နေ့မှစတင်ကာ ဈေးနှုန်း (၁၇၉,၉၀၀) ကျပ်ဖြင့်ရောင်းချပေးလျက်ရှိသည်။ realme Fan Fest အွန်လိုင်းအခမ်းအနားတွင်ကြည့်ရှုကြသည့် ပရိသတ်များအတွက် realme C12 ဖုန်းများ၊ IngyiN RR နှင့် MLBB Fan Match ပါဝင်ကစားသူများထဲမှ MVP ရရှိသူတို့အား realme Buds Q နှင့် realme Band များ၊ အနုပညာရှင်သရုပ်ဆောင် ကောင်းမြတ်စံနှင့် ဂီတအနုပညာရှင် မေတို့ကလည်း ၎င်းတို့လက်မှတ်ရေးထိုးထားသည့် “Dare To Be” Brand T-shirt များကို Lucky Draw အစီအစဉ်အဖြစ်ပေးအပ်သွားခဲ့ကြပြီး သက်ဆိုင်သူကံထူးရှင်များကို realme Myanmar Facebook Page မှတစ်ဆင့် ကြေညာပေးသွားမည်ဖြစ်သည်။   

(WP)






အခြားဆက်စပ်သတင်းများ