နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နည်းပညာဆိုင်ရာအတတ်ပညာများကို ကျွမ်းကျင်စွာတတ်မြောက်လိုပါက Phandeeyar က ဖွင့်လှစ်မည့်သင်တန်းများတွင် တက်ရောက်နိုင်

ဩဂုတ်  ၂၉

Ecommerce Website များ၊ Business Website များ Social Networking Web Application များကို ရေးသားလိုသူများအနေဖြင့် နည်းပညာဆိုင်ရာကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုတတ်ရန် လိုအပ်သည်။ ယခု COVID-19 နှင့်အတူ ပြောင်းလဲလာသည့် ဒီဂျစ်တယ်အရွေ့တွင် စီးပွားရေးလုပ်ငန်းများသည် နည်းပညာကို စနစ်တကျအသုံးချလာကြသည်။ အထူးသဖြင့် Online အခြေပြုလုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းများ မြှင့်တက်လာသည်နှင့်အတူ Web Applicaton များ ကောင်းစွာရေးဆွဲနိုင်သူများ လိုအပ်လာသည်။

ထိုကြောင့် နည်းပညာဆိုင်ရာကို ကျွမ်းကျင်စွာတတ်မြောက်စေရန်အတွက် React ကို သင်ယူလေ့လာ ထားလိုက်မည်ဆိုပါက မိမိလုပ်ကိုင်လိုသည့်လုပ်ငန်းခွင်တွင် မိမိကျွမ်းကျင်စွာတတ်မြောက်ထားသည့် နည်း ပညာသည် အမှန်တကယ်အကျိုးသက်ရောက်မှုပေးစွမ်းနိုင်စေမည်ဖြစ်သည်။ ထို့ကြောင့် Phandeeyar Institute ကဖွင့်လှစ်ပေးသွားမည့်သင်တန်းတွင် React ကို အသုံးပြုပြီး Web Application ရေးသားပုံကို အခြေခံကနေစပြီး အပတ်စဉ် assignment များနှင့်အတူ စာတွေ့လက်တွေ့စနစ်တကျသင်ကြားပေးသွား မည်ဖြစ်သည့်အတွက် တက်ရောက်လိုသူများအတွက် အဆင်ပြေစေနိုင်မည်ဖြစ်သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၁၂ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နံနက် ၁၀ နာရီမှ ၁၂ နာရီ အထိ(အပတ်စဉ် စနေ,တနဂ်နွေ)ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂ လကြာမြင့်မည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် ဖော်ပြပါလင့်ခ်  https://bit.ly/3gtATAT တွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်သည်။

 သင်တန်းကြေးအနေဖြင့်  200,000  ကျင်သင့်မည်ဖြစ်ပြီး အထူး Discount Plan များလည်းရှိမည် ဖြစ်သည်။ သင်တန်းအကြောင်းအသေးစိတ်ကိုကြည့်ရှုလိုပါက Link : https://www.facebook.com/ 104958407715470/posts/199041881640455/ တွင်လည်းကောင်း၊ Phandeeyar Institute ၏ Online Learning Management Platform ဖြစ်သည့်  https://www.phandeeyar.institute/courses/application-development-with-react-js) တွင်လည်း အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပြီဖြစ်သည်။

အသေးစိတ်သိရှိလိုပါက  Phandeeyar Institute page Messenger (သို့) ဖုန်းနံပါတ် 099 57 2580 17, 099 62 6290 06, 09783184069 (သို့) http://www.phandeeyar.institute/ တို့တွင် ဆက်သွယ်မေးမြန်းနိုင်သည်။

(WP)






အခြားဆက်စပ်သတင်းများ