နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အနောက်တောင်မုတ်သုံရာသီလေသည် အောက်တိုဘာလ(၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွားဖွယ်ရှိနေ

ရန်ကုန်    ဩဂုတ်   ၂၉

မုတ်သုံရာသီလေသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ(၁၃)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ(၁၉)ရက်နေ့မှ (၂၄)ရက်နေ့အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း၊ ဆုတ်ခွာသွားဖွယ်ရှိနေပြီး အောက်တိုဘာလ(၁)ရက်နေ့မှ (၆)ရက်နေ့အတွင်း         မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ဆုတ်ခွာသွားဖွယ်ရာရှိနေသည်။

ထို့ကြောင့် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ အနောက်တောင်မုတ်သုံလေ            ဆုတ်ခွာသွားသည့်နေ့အထိကာလကို ၂၀၂၀ ပြည့်နှစ်၏ မိုးနှောင်းကာလဟုသတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာန၏ ဩဂုတ်လ(၂၈)ရက်နေ့ကထုတ်ပြန်ခဲ့သည်။ အဆိုပါမိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်းဖြင့်လည်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ထို့အပြင် အဆိုပါမိုးနှောင်းကာလတွင် အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တို့တွင် အားအနည်းငယ်မှအားအသင့်အတင့်ရှိနိုင်ပြီး မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော် နှင့် မန္တလေးတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဒေသများတွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းဖြင့်လည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိကြောင်းသိရသည်။

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ