နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID အကြောင်းသိကောင်းစရာအဖြာဖြာ

ရန်ကုန်  ဩဂုတ်  ၂၉

ကမ္ဘာတစ်ခွင်လုံးမှာ COVID ရောဂါပိုးကူးစက်နေတာ လူတိုင်းသိကြပါတယ်။ ဆယ်နိုင်ငံပဲ လွတ်တယ်တဲ့။ အဲဒီနိုင်ငံတွေဟာ ပါလောက်၊ မိုက်ကရိုနီးရှား၊ မာရှယ်ကျွန်းစု၊ နော်လူး၊ ကီဘတီ၊ ဆော်လမွန်ကျွန်းစု၊ တူဘယ်လ်လူး၊ ဆမိုအာ၊ ဗန်နူအတူနဲ့တွန်ညာဖြစ်ကြတယ်။ ဒီနိုင်ငံတွေ ဘယ်လိုလွတ်သွားတာလဲလို့ တစ်ချို့ က တွေးကြတယ်။ အမှန်တော့ အဲဒီနိုင်ငံအများစုဟာ ပင်လယ်တွေထဲက ကျွန်းစုနိုင်ငံတွေဖြစ်ကြလို့ ခရီးသွား ရာသီတွေမှာပဲ လူသူအရောက်အပေါက်များပြီ ကျန်တဲ့အချိန်တွေမှာ သီးသီးသန့်သန့်ဖြစ်နေလို့ထင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဗစ်ရောဂါပိုးကြောင့် ရောဂါကူးစက်နေတာကို နည်းနည်းလေးပေါ့လိုက်တာနဲ့ ပြန်ပြန် ထလာတာမျိုးရှိတတ်တယ်။ မေလနောက်ပိုင်း ပထမဆုံးအဖြစ်နဲ့ အီတလီမှာ ရောဂါပိုးတွေ့တာ ၁၀၀၀ ရောက်သွားတယ်တဲ့။ အဲဒီလိုရောဂါပိုးကူးစက်လာတော့ ကိုဗစ်ကို တားဆီးဖို့ အသက် ၁၂ နှစ်အထက် ကလေး တွေ နှာခေါင်းကာ တပ်သင့်တယ်လို့  WHO  က ဆိုတယ်။

 ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာ မျက်နှာဖုံးကာကိုမဖြစ်မနေ ဝတ်ဆင်ကြဖို့ အမိန့်ထုတ်ရတယ်တဲ့။ နိုက်မြို့မှာလည်း ကိုဗစ်ကြောင့် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်လိုက်ရတော့ တိုးဒီဖရန့်ပွဲတောင် ကျင်းပဖြစ်တော့  ပါ့မလားလို့ တွေးနေကြတယ်။ အိန္ဒိယနိုင်ငံကြီးမှာတောင် တစ်ရက်တည်းနဲ့ရောဂါပိုးတွေ့တာ ၇၇၀၀၀ ကျော်သွားလို့ နိုင်ငံတစ်ခုအနေနဲ့ ကမ္ဘာပေါ်မှာဖြစ်ပွားနှုန်း ဒုတိယအများဆုံးတိုင်းပြည်ဖြစ် သွားတယ်။ ကိုဗစ်ရောဂါ ပိုးကူးစက်တာမြင့်လာနေလို့ ဂျာမဏီမှာတောင် ပွဲလမ်းတွေကျင်းပတာကို ပိတ်ထားလိုက်ရတယ်တဲ့။ အီတလီညကလပ်မှာ အစုလိုက်အအုံလိုက် ပျော်ခဲ့ကြတဲ့ ဧည့်သည်တွေကို အစိုးရက ဆက်သွယ်နေပြန်တယ်။ ကိုဗစ် ကြောင့် အဆင်းရဲဆုံးတိုင်းပြည်တွေက ဆယ်နှစ်ဆယ်မိုးတိုင်အောင် ထိခိုက်ဆုံးရှုံးနေကြလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားတယ်။ တို့နိုင်ငံမှာတောင် အေးအေးဆေးဆေးလိုဖြစ်နေရာက ပြန်ဖြစ်လာကြလို့ ကျောင်းတွေပြန်ပိတ်လိုက်ရတော့မယ်တဲ့။

 ကူးစက်ရောဂါပိုးကြောင့် ဂျပန်နိုင်ငံရဲ့စီးပွားရေးဟာ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံးအနေအထားကနေ ကမောက်ကဖြစ်ခဲ့တယ်။ ဒါကလည်း နိုင်ငံတိုင်းလိုလို စီးပွားပျက်နေကြတာပဲ။ မထူးဆန်းတော့ပါဘူး။ ဆိုးတာက ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးပါပဲ။ အဲဒီအချိန်မျိုးမှာ အာဘေးဟာ သူရဲ့ကျန်းမာရေးအခြေအနေ ကြောင့် နှုတ်ထွက်တော့မယ်မလို့ ကြေညာလိုက်တော့ အားလုံးရုတ်ရုတ်သဲသဲနဲ့ ပြောသံဆိုသံတွေ ပလူပျံနေ တော့တာပေါ့။ ပြီးခဲ့တဲ့အပတ်က သူဟာ ဆေးရုံနှစ်ရုံသွားခဲ့သေးတယ်။ ဆေးရုံတစ်ရုံမှာ ရှစ်နာရီတောင်ကြာ တယ်တဲ့။ သူခံစားနေရတာက အူရောင်နာလိုရောဂါတဲ့။ အနားယူရမယ့် အနေအထားဖြစ်နေတယ်။ ကိုဗစ် ကာလကြီးမှာ ဖြစ်ရတယ်ဆိုတော့ ကြားသိကြသူပေါင်းက ဘယ်လိုစိတ်ကောင်းကြမလဲ။ အသေးစိတ်တွေကို တော့ နောက်။ မျှော်ရတော့မှာပေါ့။
သတင်းဆိုးကိုကြားဖြတ်ပြောမိတော့ သတင်းကောင်းလည်း ထည့်ပြောရတော့မယ်။

ကိုရိုနာဗိုင်းရပ် ရောဂါပိုးကူးစက်ခံထားရတဲ့ ဝေဒနာရှင်တွေကို သွေးရည်ကြည် သုံးကုထုံးအသုံးပြုကြည့်တယ်။ အဲဒါကို အမေရိကန်ပြည်ထောင်စုက သက်သေပြလိုက်တယ်တဲ့။ အမေရိကန်အစားအစာနဲ့ ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ က ကိုဗစ်လူနာတွေကို ကုသဖို့ သွေးရေကြည်အသုံးပြုခွင့်ချက်ချင်းပေးလိုက်ရတယ်။ သမ္မတကြီး ဒေါ်နယ်ထရမ့်အပြောအတိုင်းဆိုရင် သွေးရေကြည်များလှူဒါန်းဖို့တောင် ပြင်ထားရမလိုဖြစ်နေပြီ။ ဒီနည်းဟာ ကိုဗစ်ရောဂါပျောက်သွားပြီး ပြန်နလံထလာတဲ့ လူနာဆီက သွေးရေကြည်ကို ယူသုံးတာမျိုးပဲ။ ဒီတော့ လူနာကကျန်းမာသန်စွမ်းဖို့အရေးကြီးတာပေါ့။

အမေရိကန်ပြည်ထောင်စုမှာ လူ ၇၀၀၀၀ ကျော် သုံးခဲ့ပြီတဲ့။ သမ္မတထရမ့်ရဲ့ အ‌ပြောအတိုင်းဆိုရင် သေဆုံးနေတာတွေကို ၃၅ ရာခိုင်နှုန်းခန့် လျှော့ချနိုင်မယ်တဲ့။ နိုင်ငံရေး အကြောင်းပြချက်တွေနဲ့ ဒီကုထုံးနည်းနဲ့ဆေးရည်သုံးတာကို  FDA     က တားဆီးပိတ်ပင်ထားတာကို ထရမ့်က အပြစ်တင်နေတယ်။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ရီပတ်ဘရစ်ကင်ပါတီရဲ့ အမျိုးသားရေးညီလာခံ နောက်ဆုံး ညဖြစ်နေတော့ အတူတူထိုင်နေကြတဲ့ လူထုရှေ့မှာ သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကောင်း ကြောင်း ချီးမွမ်းခန်းဖွင့်ပြီး ကြွားတော့တာပေါ့။ "ဖြစ်နိုင်သမျှ လူပေါင်းများစွာရဲ့ အသက်တွေကို ကယ်ရမယ်။ တို့ဟာ သိပ္ပံပညာပေါ်မှာရော အကြောင်းတရားတွေနဲ့ ကိန်းဂဏန်းတွေကိုရော အာရုံစိုက်ထားတယ်" လို့ လည်း ပြောသေးတယ်။

အဲဒီလို ကိုဗစ်ကိုရင်ဆိုင်တဲ့ပွဲမှာ အမေရိကန်ပြည်ထောင်စုက ဘယ်လောက်အနိုင်ရတယ်ဆိုတာသူက ရွမ်းရွမ်းဝေအောင်ပြောနေတုန်း အမေရိကန်တွေ ၁၈၀၀၀၀ သေဆုံးခဲ့ကြရတယ်။ ကိုဗစ်ရောဂါပိုးကူးစက်တာ ၅ ဒသမ ၈ သန်းရောက်ရှိနေတယ်ဆိုတာမျိုးတော့ မပါဖူးပေါ့။ လပေါင်းများစွာကတည်းက လေယာဉ်တွေ ရပ်ထားရတယ်ဆိုတာမျိုးကိုလည်း အရေးလုပ်ပြီး ပြောမနေဖူးပေါ့။ နောက်ပြီး "ဂျိုဘဏ်ဒစ်ရဲ့ အစီအမံဟာ ဒီဗိုင်းရပ်အတွက် အဖြေမဟုတ်ဘူး။ ဒါပေမဲ့ တော်တော် လက်လွှတ်ဆုံးရှုံရလိမ့်မယ်" လို့ သူက ပြောလိုက်သေး တယ်။ တစ်ခုတော့ရှိတယ်။ ဒီဇင်ဘာ ၁ ရက်လောက်စတွက်ရင် အမေရိကန်ပြည်ထောင်စုမှာ သေဆုံးတာဟာ ၃၁၇၀၀၀ ကျော်လောက်ရှိမယ်လို့ ဝါရှင်တန် တက္ကသိုလ်က ကြာသပတေးနေ့မှာ ခန့်မှန်းထားတယ်။ အရင်ခန့်မှန်းထားတာနဲ့စာရင် သေဆုံးတာ ၈၀၀၀ လောက်တိုးလာတယ်တဲ့။ ဘယ်လို့ပဲ ပြောပြော၊ အမေရိကန်လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ နှာခေါင်းကာတွေဝတ်လာကြလို့ သေဆုံးနှုန်းဟာ ၆၇၀၀၀ လောက်လျော့ကျသွားတယ်တဲ့။

 တရုတ်ပြည်ကျတော့ ပုံစံတစ်မျိုး။ တရုတ်တို့တွေဟာ  အမျိုးတူတွေစုစည်းထားတဲ့အဖွဲ့နဲ့ လုပ်ငန်းတွေ လုပ်တတ်ကြတယ်။ အဲဒီအဖွဲ့ရဲ့ လူသိများတဲ့ ခေါင်းဆောင်က သူ့လက်ထောက် ဒီလအစောပိုင်းလောက်မှာ ကိုဗစ်အတွက် ဆေးရည်ဟာ ဈေးကွက်ထဲကို ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့တယ်ဆိုတဲ့ သတင်းလည်းပေါ်လာတယ်။ တစ်ချို့ဆန့်ကျင်ဘက်ပြောတဲ့ သူတွေကတော့ စစ်ဆေးအတည်ပြုတာတွေ မလုပ်ရသေးဘူးလို့ ပြောကြတယ်။ တစ်ခုတော့ရှိတယ်။ ဒီပွဲက လွယ်မှာမဟုတ်ဖူး။ ဒီတော့ သူတို့နိုင်ငံကြီးတွေ ပြိုင်ကြတာကို  နောက်များမှာပဲ။

နိုင်ငံတော်တော်များများမှာ ကိုဗစ်ကိုရှောင်ရှားနိုင်အောင် စည်းကမ်းအတိုင်း တိတိကျကျလိုက်နာလာကြ တာတွေ့နေရပြီ။ တို့တိုင်းပြည်မှာရော။

ဘိုငြိမ်းသာ






အခြားဆက်စပ်သတင်းများ