နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာပေါင်းမြို့၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်

သာပေါင်း ဩဂုတ် ၂၉

သာပေါင်းမြို့နယ်တွင် COVID–19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် COVID–19 ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက ဩဂုတ်လ ၂၉ ရက် နံနက် ၈ နာရီအချိန်မှစတင်ကာ ကားဂိတ်၊ ဈေးလမ်းဆုံ လူသွားလူလာများပြီးစည်ကားရာ နေရာများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေး မှူး ဦးဆန်းမင်းထွဋ် နှင့်ဝန်ထမ်းများ၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင်သွား ရန်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီလိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားပြီး Mask တပ်ဆင်ခြင်းမရှိသော ပြည်သူများအား Mask များအခမဲ့ တပ်ဆင်ဖြန့်ဝေပေးလျက်ရှိစဉ်။

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ