နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာလအတွင်း အဆက်အသွယ်မပြတ်စေရန်နှင့် နောက်ဆုံးရ သတင်းများ သိရှိနိုင်ရန် MPT မှ ဝက်ဘ်ဆိုက်များကို အကန့်အသတ်မရှိ အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးထား

ရန်ကုန် ဧပြီ ၂၂ MPTမှ COVID-19 ရောဂါကာလအတွင်း နိုင်ငံသားများအားလုံး အဆက်အသွယ် မပြတ်ရှိစေရန်နှင့် သုံးစွဲသူများအားလုံး COVID-19 ရောဂါနောက်ဆုံးရသတင်းများနှင့် တိုးတက်မှုအခြေအနေတို့ကိုသိရှိနိုင်ရန် ဝက်ဘ်ဆိုက်များကို အကန့်အသတ်မရှိ အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးထားကြောင်း သိရသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ Eleven သတင်းမီဒီယာ၊ 7Day သတင်းမီဒီယာ၊ Irrawaddy သတင်းမီဒီယာနှင့် The Myanmar Times သတင်းမီဒီယာ စသည့်ဝက်ဘ်ဆိုက် များတွင်လည်း COVID-19 ရောဂါ နောက်ဆုံးအခြေအနေများသိရှိနိုင်ရန် အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ကို ဝန်ဆောင်မှုပေးထားပြီး ယခုကာလအတွင်း ဆက်သွယ်ရေး ကဏ္ဍအရှိန်မြှင့်တင်ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ MPT မှ ဒုတိယ အရာရှိချုပ် ဖြစ်သူဦးမျိုးသန်းက “ယခုလိုကာလမှာ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အခြားသောကဏ္ဍတွေအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုကို ယခင်ထက်ပိုပြီးဝန်ဆောင်မှု ကဏ္ဍတွေကို အရှိန်မြှင့်ဆောင်ရွက်ထားပါတယ်။ MPT အနေနဲ့ နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီးတော့ ထောက်ခံအားပေးလျက်ရှိပါတယ်။ ဝန်ဆောင်မှုတိုးတက်ကောင်းမွန်စေဖို့ ဌာနတွင်းမူဝါဒများနဲ့လုပ်ထုံး လုပ်နည်းများကိုလည်း အဆင့်မြှင့်တင်ထားပါတယ်”ဟုပြောသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၀ ခုရှိ အသွားအလာကန့်သတ်ထားသောနေရာများ၊ ဆေးရုံများနှင့်ကုသမှု စင်တာများ၊ ကျောင်းများနှင့်အဖွဲ့အစည်းများသို့ FTTH နှင့် B2B Fiber အင်တာနက်ဆက်သွယ်မှု ၄၀ ခုထိ တိုးချဲ့ဆောင်ရွက်ထားပြီး PST N အော်တိုတယ်လီဖုန်းဝန်ဆောင်မှုကို ရခိုင်ပြည်နယ်အတွင်းရှိနေရာ ၁၆ ခု၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေရာနှစ်ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖောင်ကြီးကုသရေးစင်တာ တို့၌ ဖိုက်ဘာစနစ်သုံး (Fax လည်းအသုံးပြုနိုင်သည့်) အော်တိုတယ်လီဖုန်း လိုင်းလေးလိုင်းကိုလည်း ဖြည့်ဆည်းဆောင်ရွက်ထားကြောင်း သိရသည်။ အများပြည်သူ COVID-19 နှင့်ပတ်သက်သည့် စုံစမ်းမေးမြန်းမှုအတွက် သတ်မှတ်ထားသော ကျန်းမာရေး စင်တာများနှင့်ဌာနများရှိ ဖုန်းနံပါတ်များသို့ ဖုန်းခေါ်ဆိုရာ၌ အခပေးရန်မလိုသော (toll-free call)ဝန်ဆောင်မှုကိုလည်းပေးထားကာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ စောင့်ကြည့်လူနာများထားရှိရာ အသွားအလာကန့်သတ်ထားသောနေရာ ခြောက်ခု၌ စောင့်ကြည့်ခံနှင့် စောင့်ကြည့်သူများ သတင်းအချက်အလက်မျှဝေရန်နှင့် မိသားစုဝင်တို့နှင့်အဆက်အသွယ်မပြတ်စေရန် MPT မှ ဆင်းကတ် ၁၅၄၀ဝ ကျော်ကို လှူဒါန်းထားကြောင်း သိရသည်။ COVID-19 ရောဂါသက်ရောက်မှုကာလအတွင်း အများပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို ဆင့်ပွားတိုးချဲ့လုပ်ဆောင်မှုနှင့်အတူ နောက်ဆုံးရသတင်းများ သိရှိနိုင်ရန် သတင်းမီဒီယာဝက်ဘ်ဆိုက်တို့၌ အကန့်အသတ်မရှိအခမဲ့ပေးထားကြောင်း ရန်ကုန်မြို့ဗိုလ်အောင် ကျော်လမ်းရှိ MPTရုံးချုပ်မှ သိရသည်။ သစ္စာ






အခြားဆက်စပ်သတင်းများ