နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အများအကျိုးဆောင်ရွက်ရာ

ရန်ကုန်၊ ဩဂုတ် ၂၉

ပရဟိတစိတ်ဓာတ်သည် စိတ်ကောင်းစိတ်မြတ်ဖြစ်သည်။ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် မွန်မြတ်သောအလုပ်ပင်ဖြစ်သည်။ ဤလောက၌ မိမိအကျိုးဆောင်ရွက်ခြင်းနှင့် အများအကျိုးဆောင်ရွက်ခြင်း နှစ်မျိုးရှိသည်။ ဤနှစ်မျိုးအနက် အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းသည် ပရဟိတအလုပ်ဖြစ်သည်။
လူသည် တစ်ခါတစ်ရံ မထင်မှတ်ဘဲဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်သည်။

ဘေးဒုက္ခများနှင့် ကြုံတွေ့တတ်သည်။ ထိုအခါအများ၏ အကူအညီတစ်စုံတစ်ခု လိုအပ်မည်ဖြစ်သည်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အသင်းတစ်ဖွဲ့ဖြစ်စေ၊ ဒေသတစ်ခုခုဖြစ်စေ ဘေးဒုက္ခကြုံတိုင်း ဝိုင်းဝန်းကူညီပေးကြရသည်။ အများအကျိုး သယ်ပိုးလိုသည့် စိတ်ကောင်းစိတ်မြတ် ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီပေးကြရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်  ကိုဗစ်ရောဂါပြန့်ပွားမှုကို  ထိန်းချုပ်နိုင်ရန်လုပ်ဆောင်ရာ၌ Quaratine များတွင် Volunteer များ လိုအပ်လျက်ရှိရာ ဆောင်ရွက်လိုသည့် ညီအစ်ကိုမောင်နှမများပါဝင်လာအောင် တိုက်တွန်းရန်လိုအပ်ပေရာ ဒေသခံများပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ အချို့နေရာများတွင်  ဘာသာစကားအခက်အခဲရှိရာ ဒေသခံများ ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက အဆင်ပြေ မည်ဖြစ်ကြောင်း၊ လက်တွေ့ဆောင်ရွက်နေသူတစ်ဦးက ပြောကြားထားသည်ကို တွေ့ရသည်။

ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် အဓိကဖြစ်ကြောင်း ရခိုင်ပြည်နယ်၏ အဓိကစိန်ခေါ်မှုနှင့် အားနည်းချက်သည် စည်းလုံးညီညွတ်မှု အားနည်းခြင်းဖြစ်ပါကြောင်း၊ စည်းလုံးခြင်းသည် အင်အားဆိုသည်ကို ယခုကာလတွင် ပြသလိုပါကြောင်း၊ ညီညွတ်မှသာလျှင် မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာနှင့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်၌ လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုကိုကျော်လွှားနိုင်ရန် ပြည်ထောင်စုတစ်ခုလုံးရှိ ပြည်သူများအားလုံး ဝိုင်းဝန်းကူညီကြရန်၊ ညီညွတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဩဂုတ် ၂၈ ရက် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ Video Conferencin စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံရာ၌ ထည့်သွင်းတိုက်တွန်း ပြောကြားခဲ့သည်။

ထို့ကြောင့် ပရဟိတစိတ်ဓာတ်သည် လူတိုင်းမွေးမြူထားရှိအပ်သော စိတ်ဖြစ်သည်။ ပရဟိတလုပ်ငန်းများ ကို လူတစ်ဦးမှအစပြု၍ အသင်းအဖွဲ့များဖြင့်ပါ ပြုလုပ်လာကြသည်မှာ ကမ္ဘာအနှံ့ပင်ဖြစ်လာသည်။ ပရဟိတ လုပ်ငန်းဖြင့် လူမှုဘဝဒုက္ခတို့ကို ပြေပျောက်စေနိုင်၏၊ သို့ပါ၍ လူတိုင်းလူတိုင်းသည် အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသည့်စကားအတိုင်း လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ကိစ္စအဝဝတွင် တက်ကြွစွာပါဝင်လုပ်ကိုင်သော စိတ်ဓာတ်မွေးမြူကာ အများအကျိုး ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ။        ။






အခြားဆက်စပ်သတင်းများ