နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ပလူနာဌာနသို့ပြသရမည့် လချိန်းလူနာကြည့်ရှုခြင်းကို စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းမည်

ရန်ကုန် သြဂုတ် ၂၉

ယခုလ၁၆ရက်မှစ၍  COVID-19  ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာသည့်အတွက် ကင်ဆာ ရောဂါဆေးပညာဌာန ရန်ကုန်ပြည် သူ့ဆေးရုံကြီးတွင် ပြင်ပလူနာဌာန သို့ပြသရမည့် လချိန်းလူနာကြည့်ရှု ခြင်းကိုအရေးပေါ်အခြေအနေ မဟုတ်ပါက စက်တင်ဘာလကုန် အထိရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြန်လည် ကြည့်ရှုမည့်ရက်ကို ပြန်လည်ကြေညာပေးမည်ဖြစ်ကြောင်းရန်ကုန် ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဆေးပညာ ဌာန၏ ဩဂုတ် ၂၈ ရက် ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင်ယခုအချိန်သည် COVID-19 အဆုတ်ရောင်ရောဂါဖြစ်ပွားမှု နှုန်းမြင့်တက် နေချိန်ဖြစ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဆေးပညာဌာန၏ ပြင်ပလူနာကြည့်ရှုခြင်းကိုဆောင် ရွက်ရာ တွင် လူနာအသစ်များကို တစ်ရက်လျှင် လူဦးရေ ၂ဝ သာ လက်ခံကြည့်ရှုမည်ဖြစ်ပြီး ကင်ဆာဆေးသွင်း မည့်လူနာများကိုတစ်ရက် လျှင် ၇၅ ဦးနှုန်းဖြင့် နံနက် ၈နာရီ မှ မွန်းတည့် ၁၂ နာရီအထိလက်ခံ ကြည့်ရှုပေး မည်ဖြစ်ကြောင်း ၊ သွေးအဖြေ (Day ၁ဝ) ပြမည့်လူနာများအနေဖြင့် ဆေးသွင်းစာရွက်ပေါ် တွင်ဖော်ပြထားသော Viber နံပါတ်သို့ ဆေးသွင်းစာရွက်နှင့် သွေးအဖြေဓာတ်ပုံရိုက်၍ စနေ၊ တနင်္ဂနွေမှလွဲ၍ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းပို့ရန်နှင့် လချိန်းလူနာ (Follow up) ကြည့်ရှုခြင်းကို အရေးပေါ်အခြေအနေမဟုတ်ပါက စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း သိရသည်။

ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ