နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းခပေးသွင်းရမည့်ရက်ကို ၆ လရွှေ့ဆိုင်း ပေးမည်

ရန်ကုန် ဧပြီ ၂၂ နိုင်ငံပိုင်ဟိုတယ်များ ငှားရမ်းလုပ်ကိုင်နေသော ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနှင့် သက်ဆိုင်ရာသို့ ငှားရမ်းခပေးသွင်းရမည့်ရက်ကို ၆ လရွှေ့ဆိုင်းပေးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်းများစွာ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားလျက်ရှိသည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများရပ်နားထားရပြီး မြန်မာနိုင်ငံရှိ ဟိုတယ်များတွင်လည်း ပြည်တွင်း၊ ပြည်ပမှခရီးသွားဧည့်သည်များ ဝင်ရောက်မှုမရှိဘဲ လုပ်ငန်းများရပ်ဆိုင်း ထားရသည်။ ယင်းသို့ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ယာယီရပ်ဆိုင်းထားရသဖြင့် စီးပွားရေးအရ ထိခိုက်နစ်နာမှု များရှိလာသည့် အကျိုးသက်ရောက်မှုများအပေါ် ကုစားနိုင်စေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံပိုင်ဟိုတယ်များအား ငှားရမ်းလုပ်ကိုင်သူများက သက်ဆိုင်ရာသို့ ဟိုတယ်၊ မြေငှားရမ်းခများပေးသွင်းရမည့်ရက်ကို ၆ လ နောက်ဆုတ်ပေးခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။ ထိုကဲ့သို့ ဖြေလျှော့ပေးလိုက်သည့်အတွက် နိုင်ငံပိုင်ဟိုတယ်များအား ငှားရမ်းလုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်းရှင်များအနေနှင့် သက်ဆိုင်ရာသို့ ဟိုတယ်၊ မြေငှားရမ်းခများ ပေးသွင်းရမည့်ရက်ကို ယခု ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ရွှေ့ဆိုင်းပေးထားကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ