နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါပိုးရှိသူများသာ လာရောက်လည်ပတ်ခွင့်ရမည့် ကျွန်းတစ်ကျွန်းကို ဘရာဇီးအာဏာပိုင်များ ဖွင့်လှစ်တော့မည်

ဘရာစီလီယာ   ဩဂုတ်    ၂၉

ဘရာဇီးနိုင်ငံမှ ကျွန်းတစ်ကျွန်းကို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရသူများအတွက် သီးသန့်ဖွင့်လှစ် ပေးတော့မည်ဖြစ်သည်။ ပြာလဲ့သည့်ရေပြင်၊ ရွှေဝါရောင်သဲသောင်ပြင်များ၊ ဖြည်းညင်းစွာ ကူးခတ်နေသည့် လင်းပိုင်များရှိခြင်းကြောင့် နာမည်ကျော်ကြားသည့် ဖာနန်ဒိုဒီနိုရွန်ဟာကျွန်းစုမှာ ကမ္ဘာပေါ်တွင် အလှပဆုံး နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ကမ္ဘာ့အကောင်းဆုံးကမ်းခြေအဖြစ် သတ်မှတ်ခံထားရသည့် ဘိုင်ယာဒိုဆန်ချိုကမ်းခြေရှိရာ ဖာနန်ဒိုဟီနိုရွန်ဟာ ကျွန်းကို လာမည့်ရက်သတ္တပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဟု ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ပါနမ်ဘူကိုပြည်နယ် အာဏာပိုင်များက ပြောသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရဖူးကြောင်း သက်သေပြနိုင်သူများကိုသာ အဆိုပါကျွန်းသို့ လာရောက်ခွင့်ပေးမည်ဖြစ်သည်။

''လွန်ခဲ့တဲ့ ရက် ၂၀ အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရဖူးတယ်ဆိုတဲ့ PCR test စစ်ဆေးမှုရလဒ် ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးကို တွန်းလှန်တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်း ထွက်နေပြီဆိုတဲ့ ရလဒ် သက်သေပြနိုင်မှပဲ  ဖာနန်ဒိုဟီနိုရွန်ဟာကျွန်းကို လာရောက်ခွင့်ပေးမှာပါ'' ဟု အာဏာပိုင်အဖွဲ့ဝင် ဂူအီဟာမီရိုချာက ပြောသည်။ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကိုသာ လာရောက်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့သည့်အကြောင်းရင်းကို ဂူအီဟာမီရိုချာက စာနယ်ဇင်းရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။ မီးတောင်ကျွန်း ၂၁ ကျွန်း ပါဝင်သည့် ဖာနန်ဒိုဟီနိုရွန်ဟာကျွန်းကို ပြီးခဲ့သည့်မတ်လအလယ်ကတည်းက ခရီးသွားများ လာရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။  

KNT






အခြားဆက်စပ်သတင်းများ