နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ရောဂါကြောင့် အိန္ဒိယလွှတ်တော်အမတ်တစ်ဦး သေဆုံး

နယူးဒေလီ   ဩဂုတ်    ၂၉

ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့် အိန္ဒိယလွှတ်တော်အမတ်တစ်ဦးမှာ ပြီးခဲ့သည့်သောကြာနေ့ မွန်းလွဲပိုင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။ ဗာဆန်သာကူမာသည် အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကွန်ဂရက်ပါတီဝင်တစ်ဦးဖြစ်ပြီး တမီလ်နာဒူပြည်နယ်ကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သည်။ ဗာဆန်သာကူမာသည် အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနောက်ဆုံး သေဆုံးခဲ့သည့် နိုင်ငံရေးသမားဖြစ်သည်။

သြဂုတ်လအစောပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းဖြစ်သည့် နိုင်ငံတကာ ခရစ်ကက်ကစားသမားဟောင်း ချီတန်ချော်ဟန်မှာ ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သေဆုံးခဲ့သည်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ရောဂါကူးစက်ခံရသူအများဆုံးနိုင်ငံများစာရင်းတွင် တတိယ၊ သေဆုံးသူအများဆုံးနိုင်ငံများ စာရင်းတွင် စတုတ္ထနေရာ ရပ်တည်နေသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များအရ အိန္ဒိယ နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ ဒသမ ၄ သန်းကျော်ရှိနေပြီး သေဆုံးသူ ၆၂၅၅၀ ဦးရှိနေသည်။      

KNT






အခြားဆက်စပ်သတင်းများ