နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အင်းစိန်သို့ ငွေကျပ် ၃၆ သိန်းခန့်တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ဧပြီ ၂၂ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အင်းစိန်မြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး၊ မြို့နယ်ခန်းမတွင် ဖွင့်လှစ်ထားသည့် Fever Clinic နှင့် GTI တွင် ဖွင့်လှစ်ထားသည့် Quarantine Center တို့အတွက် ငွေကျပ် ၃၆ သိန်းခန့်တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် အထွေထွေရောဂါကုဆေးရုံကြီးအတွက် တန်ဖိုးငွေ ၁,၇၉၁,၈၂၆ ကျပ်၊ Fever Clinic အတွက် တန်ဖိုးငွေ ၁,၀၂၁,၀၂၆ ကျပ်၊ Quarantine Center အတွက် တန်ဖိုးငွေ ၇၈၂,၀၂၆ ကျပ် တန်ဖိုးရှိ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်သည်။ အဆိုပါလှူဒါန်းပစ္စည်းများမှာ PPE ဝတ်စုံများ၊ Mask၊ လက်အိတ်၊ ရေမလိုလက်သန့်ဆေးရည်၊ လက်ဆေး ဆပ်ပြာရည်၊ အရက်ပြန်၊ အပူချိန်တိုင်းကိရိယာနှင့် ဆန်အိတ်များဖြစ်သည်။ ယင်းပစ္စည်းများကို အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် COVID လုပ်ငန်းကော်မတီ ဥက္ကဋ္ဌတို့မှတစ်ဆင့် သက်ဆိုင်ရာဆေးရုံအုပ်ကြီး၊ Fever Clinic တာဝန်ခံသမားတော်ကြီးနှင့် GTI Quarantine စခန်းတာဝန်ခံတို့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။ ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ