နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးညိုမြိုနယ်တွင် တစ်သောင်းတန်အတုများဖြင့် နွား ၃ ကောင် ဝယ်ယူသူကို အမှုဖွင့်စုံစမ်းရှာဖွေနေ

မိုးညိုမြိုနယ်တွင် တစ်သောင်းတန်အတုများဖြင့်နွား ၃ ကောင်ဝယ်ယူသူကို အမှုဖွင့်စုံစမ်းရှာဖွေနေကြောင်း မိုးညိုမြို့နယ်ရေကင်းနယ်မြေရဲစခန်းမှသိရသည်။ "အခုနေ့ခင်းကပဲနွားတွေတော့ပြန်ရပါတယ်။ လူကတော့လွတ်သွားတယ်။ ပိုင်ရှင် ၂ ယောက်ဆီက နွား ၃ ကောင်ကို တစ်သောင်းတန်အတုတွေနဲ့ဝယ်တာ"ဟု မိုးညိုမြို့နယ် ရေကင်းနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် တင်လင်းက မတ် ၂၈ ရက် မွန်းလွဲပိုင်းက အတည်ပြုပြောကြားသည်။ ဖြစ်စဉ်မှာ မိုးညိုမြို့နယ်၊ ကျွန်းညိုအုပ်စု၊ ပဒေသာကျွန်း ရွာမကျေးရွာနေ ဦး အေးနိုင်(၅၀)နှစ် (ကျပန်း)သည် မတ် ၂၆ ရက်၊ နံနက် ၉ နာရီက သက္ကယ်တန်းကျေးရွာရှိ ကွမ်းယာဆိုင်အနီး ကားလမ်းမဘေးတွင်ရှိနေစဉ် အမည်မသိအမျိုးသား(၁)ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး နွားဝယ်လိုကြောင်းပြောသဖြင့် ကျွန်းညိုအုပ်စု၊ ဘိုးဘိုးကြီးကုန်းကျေးရွာနေ ဦးစိုးလွင်(၆၄)နှစ် ကိုင်းလုပ်သူနေအိမ်သို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း၊ ဦးစိုးလွင် ပိုင်ဆိုင်သောနွား ၂ ကောင်ကို သိန်း ၂၀၆၀ဝဝဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဦးအေးနိုင်မှ ငါးကယ်အုပ်စု၊ ပေကုန်းကျေးရွာနေ ဦးလှသန်း(၄၅)နှစ်၊ ကျပန်းလုပ်သူ၏ နေအိမ်တွင်လည်း နွားထီး(၁)ကောင် ရောင်းရန်ရှိသည်ဟုပြောသဖြင့် အမည်မသိအမျိုးသား ၁ ဦးနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြပြီး ဦးလှသန်းပိုင် နွားထီး (၁)ကောင်ကို သိန်း ၁၀၉၀၀၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ည ၇ နာရီခန့်တွင် ဦးစိုးလွင်နှင့် ဦးလှသန်းထံမှဝယ်ယူထားသော နွားဖိုးငွေများအားပေးချေခဲ့ပြီးနောက် ငါးကယ်အုပ်စု၊ အင်းဖလွဲကျေးရွာနေ ကိုဇော်လတ်(၄၀)နှစ်ပိုင်ဆိုင်သော သုံးဘီးယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပြီး မိုးညို မြို့နယ်၊ တက်ဆွဲကျေးရွာဘုန်းကြီးကျောင်းအနီး ရွာလမ်းမပေါ်တွင် အဆိုပါနွား(၃)ကောင်အား အမည်မသိ အမျိုးသား (၃)ဦးက အုတ်ဖိုမြို့ဘက်သို့ ဆွဲခေါ်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူး ရဲအုပ်တင်လင်းက ဦးစိုးလွင်ထံမှ တစ်သောင်းကျပ်တန် (၂၀၆၀၀၀ဝိ/) ၂၀၆ ရွက်နှင့် ဦးလှသန်းထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူ (၁,၀၉၀,၀၀ဝိ/-) ၁၀၉ ရွက်တို့အား သက်သေ များရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ပြီး ရေကင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများအား အသုံးပြုကာ နွားများဝယ်ယူသွားသူ အမည်မသိအမျိုးသား အား ဥပဒေအရအရေးယူနိုင်ရေး စခန်းမှူးရဲအုပ်တင်လင်းက မတ် ၂၇ ရက်က တရားလိုပြုလုပ်တိုင်ကြား၍ ရေကင်းနယ်မြေရဲစခန်းမှ ပြစ်မှုကျုးလွန်သူကို(ပ) ၁၉/၂၀၂၀၊ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။ ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ