နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် MPT သည် အဓိကကျသော ဆက်သွယ်ရေး အခန်းကဏ္ဍမှ ဆက်လက်ပံ့ပိုးပေးလျက်ရှိ

ရန်ကုန် ဧပြီ ၂၁ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်နေသကဲ့သို့ MPT အနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရာဒေသအသီးသီးတွင် အဆင့်မြင့်ဆက်သွယ်ရေး နည်းပညာများနှင့် ဝန်ဆောင်မှုများကိုပေးအပ်ခြင်းနှင့် အများပြည်သူတို့အတွက် မရှိမဖြစ်လိုအပ်သော ဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့များကို ဆင့်ပွားတိုးချဲ့ လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ MPT အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 တိုက်ဖျက်ရေးကြိုးပမ်းမှုများတွင် အသွားအလာကန့်သတ်ထားသူများအတွက် အင်တာနက်ပါဝင်သော ဆင်းမ်ကတ်များပေးအပ်ခြင်း၊ သတင်း ဌာနဝက်ဘ်ဆိုက်များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ဝက်ဘ်ဆိုက်များသို့ အင်တာနက်ဖိုး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်၏ဖုန်းနှင့် ဆွေးနွေးအကြံပြုစင်တာများသို့ အခမဲ့ဖုန်းခေါ်ဆိုနိုင်ရန် စီစဉ်ပေးခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စောင့်ကြည့်လူနာများထားရှိရာ အသွားအလာကန့်သတ် ဆောင်ရွက်ထားသော စင်တာများသို့ ဖိုင်ဘာအင်တာနက် အသုံးပြုနိုင်သည့် ဝန်ဆောင်မှုပေးအပ်ထားခြင်းများကိုလည်း စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ထို့ပြင် MPT သည် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များရှိ စောင့်ကြည့်လူနာများထားရှိသည့် အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသော နေရာ ၆ ခု တွင် စောင့်ကြည့်လူနာများနှင့် တာဝန်ရှိသူများအနေဖြင့် သတင်းအချက်အလက် မျှဝေရန်နှင့် မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန် MPT ဆင်းမ်ကတ် ၁၅,၄၀ဝ ကျော်ကိုလည်း လှူဒါန်း ဆောင်ရွက်ထားကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ