နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 မြို့နယ်ထိန်းချုပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဧပြီ ၂၁ ရန်ကုန်တိုင်းဒေသကြီး။ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 မြို့နယ် ထိန်းချုပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက ရန်ကုန်တိုင်းဒေသကြီးသည် စက်ရုံ အလုပ်ရုံ များပြားသည့်အတွက် လုပ်ငန်းခွင်ဝင်ရောက်သည့် အလုပ်သမား ၆၈၀၀၀၀ ကျော်ရှိကြောင်း၊ ဝန်ထမ်းဦးရေမှာ ၇၁၀၀၀ ကျော် ရှိကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအဆင်ပြေပါက လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားချက်များအား တိကျစွာလိုက်နာပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဈေးများတွင်လည်း စျေးသည်နှင့် စျေးဝယ် သူများ နှာခေါင်းစည်းများတပ်၍ စည်းကမ်းတကျလိုက်နာဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မောင်မောင်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများကြောင့် ဖြေလျှော့ပေးခြင်းဖြစ် ကြောင်း၊ သတိဝီရိယနှင့် နေရန်လိုအပ်ကြောင်း၊ လျှပ်စစ်မီတာခများပေးဆောင်ရာတွင်လည်း မေလ ၂၀ ရက်ထိပေးဆောင်နိုင်ရန် ဆောင်ရွက်ထားကြောင်း၊ လူစုလူဝေး မဖြစ်စေရန်လိုကြောင်း၊ လက်ရှိကာလကို သိမ်မွေ့စွာဆောင်ရွက်ရန်လိုအပ်ပြီး ရပ်ကွက်အတွင်း နှိုးဆော်ဆောင်ရွက်မှုများကိုလည်း ပိုမိုလုပ်ဆောင် သွားရန်တို့ကို ပြောကြားပြီး COVID-19 မြို့နယ်အဆင့်ကော်မတီဝင်များက ဆက်လက်ရှင်းလင်း ဆွေးနွေး ခဲ့ကြကာ တက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များမေးမြန်းရာ ကော်မတီဝင် များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မြင့်ရီ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ