နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ထားဝယ်  ဩဂုတ်  ၂၈


တနင်္သာရီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၁/၂၀၂၀)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၈ ရက် နံနက် ၁၁ နာရီ က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ကျင်းပသည် ။

အစည်းအဝေးတွင် တိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က Coronavirus Disease 2019(COVID-19) သည် ယခုအခါ မျိုးရိုးဗီဇပြောင်းလဲလာပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား၌သာမက မြန်မာနိုင်ငံ တွင်လည်း ကူးစက်မှုနှုန်းမြင့်မားလာနေသည်ဟု သိရှိရကြောင်း၊ တစ်ဖက်နိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများနှင့် Coronavirus Disease 2019 (COVID-19) ရောဂါသံသယရှိသူများကို Facility Quarantine ထားရှိမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ အခက်အခဲများစွာရှိလာပြီး ထိုအခက်အခဲများကို စနစ်တကျဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၏ ပြည်တွင်းဝင်ပေါက်ဖြစ်သော မလွှဲတောင်စစ်ဆေးရေးဂိတ်အား စနစ်တကျအလေးထားစိစစ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း နယ်စပ်ဂိတ်များမှ ပြန်လည် ဝင်ရောက်လာသူများနှင့် တရားမဝင် ဝင်ရောက်လာသူများကိုလည်း သက်ဆိုင်ရာဌာနများက စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့ ဆောင်ရွက်နိုင်မှသာ Coronavirus Disease  2019(COVID-19) ရောဂါကပ်ဘေးကိုကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအား ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက် များကို လိုက်နာနိုင်ရေးအတွက် အသိပညာ ပေးလုပ်ငန်း များကို ယခင်ထက်ပို၍ နှိုးဆော်အသိပေးရန် လိုအပ်ပါကြောင်းနှင့် Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ကော်မတီဝင်များက တိုင်းဒေသကြီး၊ Coron- avirus  Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ (၁၀/၂၀၂၀) လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က လိုအပ်သည်များမှာကြားသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီး၊ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသတင်းရသည်။                               


ဦးကျော်ကျော်လတ်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ