နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်၌ COVID-19 ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေများပေးအပ်ရန်အတွက် စာရင်းကောက်ယူမှုများ ဆောင်ရွက်

ရန်ကုန်   ဩဂုတ်  ၂၈


COVID-19 စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ခြင်းကို COVID-19 ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် တစ်ကြိမ်တည်း   သုံးသောင်း ကျပ်တိတိကို ထောက်ပံ့ပေး သွားမည်ဖြစ်သည်။ 

ထိုသို့ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက် (Ngwe Bike) Application ကို Download ပြုလုပ်၍ စာရင်းပေးသွင်းရမည်ဖြစ်ရာ ကိုယ်ဝန်ဆောင်မိခင်များကို COVID ကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် (၉)ခုသာရရှိပြီး ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် MCCT မှ တစ်ဆင့် ထောက်ပံ့လျက်ရှိသည်။

ထိုသို့ စာရင်းပေးသွင်းရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ကိုယ်ဝန် ဆောင်မိခင်များအားလုံးအနေဖြင့် ထောက်ပံ့ပေးမှုတွင် ကျန်ရှိမှုများမဖြစ်စေရန်အတွက် အဆိုပါ Application တွင် စာရင်းမသွင်းရသေးသူများကို  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၁၅ ရက်ထိ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ထို့သို့လာရောက်စာရင်းပေးသွင်း ရာတွင် ကိုယ်ဝန်ဆောင်မှတ်တမ်းစာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေးလိုက်သည့်ဆေးမှတ်တမ်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  လက်ကိုင်ဖုန်းများကိုပါအတူတစ်ကွ ယူဆောင်လာကြရန် သက်ဆိုင်ရာ ရပ်ကွက်များမှ နှိုးဆော်ကြေညာပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ခြင်းတွင် လက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် သြဂုတ် ၁  ရက်နောက်ပိုင်း မွေးဖွားသူမိခင်များပါရရှိမည်ဖြစ်ကြောင်း သိရသည်။


တင်တင်ချိုပြန်/ဆက်






အခြားဆက်စပ်သတင်းများ