နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်-မြန်မာ ကုန်သွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ပြင်သစ်သံရုံး(ရန်ကုန်)၏ စီးပွားရေးသံမှူးအသစ်မှ အသင်းချုပ်ဥက္ကဋ္ဌထံ လာရောက်တွေ့ဆုံဆွေးနွေး

ရန်ကုန်  ဩဂုတ်  ၂၈


ပြင်သစ်-မြန်မာ ကုန်သွယ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ပြင်သစ်သံရုံး(ရန်ကုန်)၏ စီးပွားရေးသံမှူးအသစ်မှ စက်မှုကုန်သည်အသင်းချုပ်ဥက္ကဋ္ဌထံ     လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ၏  ဩဂုတ် ၂၇ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။ 

ပြင်သစ်-မြန်မာကုန်သွယ်မှုနှင့်ချစ်ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက် မှု တိုးတက်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ Economic Counsellor Mr.Michel CYWINSKI မှ ဩဂုတ် ၂၇  ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်း ထံလာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့လာရောက်တွေ့ဆုံဆွေးနွေးရာတွင် COVID-19 ရောဂါကူးစက်မှုမဖြစ်ခင်က ပုဂ္ဂလိကကဏ္ဍအနေဖြင့် တွေ့ကြုံခဲ့ရသည့်စိန်ခေါ်မှုများ၊ ယခုထက် ပိုမိုသည့်ပြင်သစ်-မြန်မာချစ်ကြည်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာစေရေး စီမံချက်(COVID-19 Economic Relief Plan-CERP)နှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ၊လုပ်ငန်းရှင်များထံသို့ COVID-19 ချေးငွေချထားပေးမှုနှင့်ချေးငွေပြန်ဆပ်မှုပုံစံ၊ MOU ရေးထိုးထားသောပြင်သစ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အသင်းချုပ်ဥက္ကဋ္ဌဦးဇော် မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူနှင့် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုသာစစ်






အခြားဆက်စပ်သတင်းများ