နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဇီးကုန်းမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းတွင် သစ်ပင်လဲကျ ယဉ်ကြောပိတ်ဆို့မှုမြဖစ်ပေါ်စေရေး အချိန်မီ ရှင်းလင်းဖယ်ရှား

ဇီးကုန်း ဩဂုတ် ၂၈


ဩဂုတ် ၂၆ ရက်၊ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်း မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်း၊ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် လုံးပတ်(၃)ပေ၊ အရှည် ပေ(၄၀)ခန့်ရှိ ယင်းမာပင်သည် အမြစ်ပွပြီး ကားလမ်းမပေါ်သို့ လဲကျကာ လမ်းဘေးတွင် ရပ်တန့်ထားသော YGN 3F------ ယာဉ်ပေါ်သို့ ပိမိနေပြီး လမ်းပိတတ်ဆို့မှုဖြစ်ပွားခဲ့သဖြဖင့် ဇီးကုန်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည်  ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

 အလားတူ ဩဂုတ် ၂၅ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရုံးရပ်ကွက်၊ ကမ်းနားလမ်းတွင် လုံးပတ်(၅)ပေ၊ အမြင့် ပေ(၂၀)ခန့်ရှိ သက်တမ်းရင့် မဲဇလီပင်သည် မိုးရွာသွန်းပြီး မြေပျော့မှုကြောင့် အမြစ်မှလဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် သရက်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


 ဆွေဦး






အခြားဆက်စပ်သတင်းများ