နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ်ပေါ်ပေါက်နိုင်သည့်အခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာ လျှပ်စစ်ရုံးများသို့ ဆက်သွယ်အကြောင်းကြားနိုင်

ရန်ကုန်   ဩဂုတ်  ၂၈


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နေရာအချို့တို့တွင် သြဂုတ် ၂၇ ရက် နေ့လယ် ၂ နာရီအချိန် ခန့်မှစ၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးမိုးကြိုးများပစ်ခြင်းများ ဖြစ်ပွားခဲ့ သည်။ အဆိုပါအခြေအနေများသည် မိုးရာသီကာလဖြစ်သောကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်း များတိုက်ခတ်ခြင်းကြောင့်  လျှပ်စစ်ဓာတ်အားလိုင်းများပေါ်သို့ သစ်ပင်သစ်ကိုင်းများ လဲကျ၊  ကျိုးကျခြင်း၊ ဓာတ်အားလိုင်းကြိုးများလျော့အိပြတ်ကျခြင်းတို့ကြောင့် လျှပ်စစ်အန္တရာယ်များပေါ်ပေါက်မှုများဖြစ်စေနိုင် သည်။ 

အဆိုပါအန္တရာယ်များ မကျရောက်စေရန်အတွက် ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက် မြို့နယ်များတွင် လျှပ်စစ်အန္တရာယ်ပေါ်ပေါက်နိုင်သည့်အခြေအနေများတွေ့ရှိပါက နီးစပ်ရာခရိုင်နှင့်မြို.နယ် လျှပ်စစ်ရုံးများသို့လည်းကောင်း၊ "YESC Call Center 1717" သို့လည်းကောင်း ၂၄ နာရီ ဆက်သွယ်အကြောင်း ကြားခြင်းဖြင့် သက်ဆိုင်ရာလျှပ်စစ်ရုံးများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သြဂုတ် ၂၇ ရက်က ထုတ်ပြန်ကြေညာပေးထားသည်။                                                                                                             

 (WP)






အခြားဆက်စပ်သတင်းများ