နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းမျက်နှာစာရှိ မြန်မာ့ကုန်သွယ်ရေးစခန်း ၆ ခု တွင် အကောက်ခွန်သက်သာခွင့် လက်မှတ်ကို အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးမည််

ဩဂုတ် ၂၈


ထိုင်းမျက်နှာစာရှိ မြန်မာ့ကုန်သွယ်ရေးစခန်း (၆)ခု တွင် အကောက်ခွန်သက်သာခွင့် (CO) Form ကို စက်တင်ဘာလ ၁ ရက်မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် ပြောင်းလဲထုတ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိ လုပ်ငန်းရှင်များအတွက် အကောက်ခွန် သက်သာခွင့် (CO) form ,Production Registration Card, Certified Exporter တို့ကို CO Issuing Authority ဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာနမှ ပြီးခဲ့သည့်နှစ် မေလ မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် CO Form (၁၀) မျိုး စတင်ထုတ်ပေးခဲ့ရာ ယခုနှစ် သြဂုတ်လအထိ CO စောင်ရေ ၇၀ဝ၀ဝ ကျော်ကို အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ်များထဲမှ အာဆီယံနိုင်ငံများ အတွက် ထုတ်ပေးသည့် FormD အား အာဆီယံနိုင်ငံများ အားလုံး ASW မှတစ်ဆင့် ဒေတာချိတ်ဆက်ဖလှယ်နိုင်ရေး Live Operation (NSW PR) ပြောင်းလဲ ဆောင်ရွက် လျက်ရှိပြီး မကြာမီကာလအတွင်း Document ထုတ်ပေးခြင်း မပြုတော့ဘဲ ASW မှ Data Exchange လုပ်ငန်း ဖြင့်သာ ထုတ်ပေး ခြင်းကို လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ထို့ကြောင့် Form D ထုတ်ပေးမှု အား ပင်လယ်ရေကြောင်းအပြင်  နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများအတွက် လက်ရှိအွန်လိုင်းစနစ်ဖြင့် ထုတ်ပေး သည့် မြဝတီကုန်သွယ်ရေးစခန်းအပြင် ထိုင်းမျက်နှာစာရှိ ကုန်သွယ်ရေးစခန်းများ ဖြစ်သော မြိတ်၊ကော့သောင်း၊ တာချီလိတ် ၊ထီးခီး ၊မယ်စဲ့ ၊မောတောင်ကုန်သွယ်ရေး စခန်း ၆ ခု လုံးတွင် အွန်လိုင်းစနစ်ဖြင့် စတင်ထုတ်ပေး သွားမည်ဖြစ်သည်။

ထို့ပြင် မကြာမီကာလအတွင်း Form D အပါအဝင် Form AK, Form AANZ, Form AHK ,FormAJ များ ထုတ်ပေးမှုအတွက် မြန်မာနိုင်ငံအနေဖြင့် Electronic Signature အသုံးပြု ထုတ်ပေးပြီးသွားမည်ဖြစ်ပြီး ကျန် အာဆီယံနိုင်ငံများနှင့် Electronic Data Exchange  နှင့် Data Verification Platform တစ်ခုထူထောင်ကာ စစ်ဆေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ