နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရားမဝင် အကွက်ရိုက်၊ လမ်းချဲ့၊ မြောင်းတူးဖော်မှုများကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်း ဓာတ်တိုင် ၁၃ တိုင် လဲကျပြီး ဓာတ်အားပြတ်တောက်

မန္တလေး၊ ဩဂုတ် ၂၈


မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မဓာတ်အားခွဲရုံသို့ ဓာတ်အားပေးထားသော အောင်ပင်လယ်မြို့မ စက်မှုတက္ကသိုလ် ဆက်သွယ်ထားသည့် နှစ်ထပ်ဓာတ်အားလိုင်းအနီးတွင် တရားမဝင်အကွက်ရိုက် လမ်းချဲ့၊ မြောင်းတူးဖော်မှုများပြုလုပ်ခဲ့သဖြင့် သြဂုတ်၂၇ ရက်၊ ညနေ ၄ နာရီ ၅၅ မိနစ်ခန့်ကွန်ကရစ်ဓာတ်တိုင်များ ပြိုလဲကျိုးကျမှု ဖြစ်ပွားခဲ့သည်။

ဓာတ်တိုင်များပြိုလဲမှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ ဆင်ပွတ်ကြီး၊ ရုံးပင်၊ မှန်ပင်၊ နှမ်းကြဲ၊ ရေထွက်၊ ရန်ကင်းသာ၊ ရန်ကင်းသာယာ၊ စည်သာယာ၊ တဲကုန်း၊ ကျီကုန်း၊ မိုင်ကုန်း၊ ပုဏ္ဏားကုန်း၊ မြို့သာကုန်း၊ ရန်ကင်း တောင်၊ လိမ်ပင်၊ ရှင်တော်ကုန်း၊ ရွေးစု၊ ရေကြည်၊ အိုင်ကြီး၊ ရေတံခွန်တောင်၊ ဂွေ့ကြီးကုန်း၊ သစ်ချိုကုန်း၊ ညောင်ပင်သာ၊ နည်းပညာတက္ကသိုလ်၊ သမဝါယမကောလိပ်နှင့် ဆည်မြောင်းရုံးများ၊ ရေတံခွန်တောင်  ဂေါက်ကွင်းတို့တွင် ဓာတ်အားပြတ်တောက်လျက်ရှိပြီး မန္တလေးခရိုင် လျှပ်စစ်မန်နေဂျာဦးအေးကျော် ဦးစီးပြီး ပုသိမ်ကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် လုပ်သားများက လျှပ်စစ်ဓာတ်အားအမြန်ရရှိစေရေး  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။                           


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ