နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟောင်ကောင်မှ တရုတ်(တိုင်ပေ)သို့ ဦးတည်ဖွယ်ရှိသည့် စက်လှေကို တရုတ်အာဏာပိုင်များ တားဆီးပြီး အနည်းဆုံး လူ ၁၀ ဦးကို ဖမ်းဆီး

ဟောင်ကောင်   ဩဂုတ်    ၂၈


ဟောင်ကောင်ကနေ တရုတ်(တိုင်ပေ)ကို ဦးတည်နေဖွယ်ရှိတဲ့ စက်လှေတစ်စင်းကို တရုတ်အာဏာပိုင်တွေက ကြားဖြတ်ဟန့်တားပြီး အနည်းဆုံး လူ ၁၀ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက ဟောင်ကောင်မြို့အနီးရှိ ကွမ်တုံပြည်နယ်ကမ်းလွန်ဘက်တွင် ဖမ်းဆီးမှုလုပ်ခဲ့ခြင်းဟု တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။ အဆိုပါစက်လှေပေါ်တွင် လိုက်ပါခဲ့သူများမှာ တရုတ်(တိုင်ပေ)တွင် နိုင်ငံရေးခိုလှုံခွင့်ရရန် ကြိုးပမ်းနေသူများဖြစ်ကြောင်း ဟောင်ကောင်မီဒီယာများက ဖော်ပြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူများတွင် ဟောင်ကောင်မြို့မှ တက်ကြွလှုပ်ရှားသူ အန်ဒီလီလည်း ပါဝင်သည်ဟု အဆိုပါသတင်းများတွင် ဖော်ပြသည်။

 

အန်ဒီလီသည် ပြည်ပအင်အားစုများနှင့် ပူးပေါင်းလုပ်ဆောင်မှု၊ ငွေကြေးခဝါချမှု စသည့်စွဲချက်များဖြင့် ယခုလအစောပိုင်းက ဖမ်းဆီးခံခဲ့ရဖူးသည်။ အန်ဒီလီမှာ တရားဥပဒေနှင့် မကိုက်ညီသည့် နယ်စပ်ဖြတ်ကျော်မှု လုပ်ခဲ့သည်ဟု သံသယရှိ၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း South China Morning Post သတင်းဌာနက ဖော်ပြသည်။ တရုတ်အာဏာပိုင်များအနေဖြင့် ထိန်းသိမ်းခံထားရသူများကို မည်ကဲ့သို့စွဲချက်တင်မည်ဖြစ် ကြောင်း တိတိကျကျမသိရသေးပေ။ ဟောင်ကောင်မြို့တွင် နေထိုင်သူများက စက်လှေများဖြင့် ထွက်ပြေးရန် ကြိုးပမ်းမှုမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ပြီးခဲ့သည့်ဇွန်လတွင် တရုတ်နိုင်ငံက ချမှတ်ခဲ့သည့် အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေအရ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း ဟောင်ကောင်မြို့ရှိ တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ရသည်။                                     

KNT






အခြားဆက်စပ်သတင်းများ