နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် အနည်းဆုံး လူခြောက်ဦး သေဆုံး

ဝါရှင်တန်    ဩဂုတ်    ၂၈


အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း လော်ရာ( Laura)ကြောင့် အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် တစ်နာရီလေတိုက်နှုန်း မိုင် ၁၅၀ အထိ ရှိခဲ့ရာ ထိခိုက်ပျက်စီးမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီး နေအိမ်သန်းတစ်ဝက်ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။ ထို့အပြင် စက်ရုံတစ်ခုတွင်လည်း ဓာတုပစ္စည်း လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဟာရီကိန်းမုန်တိုင်းကြောင့် ပေ ၂၀ အမြင့်ရှိသည့် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခဲ့ကြသော်လည်း အဆိုပါအခြေအနေကို ရှောင်လွှဲနိုင်ခဲ့သည်။


ဟာရီကိန်းမုန်တိုင်း လော်ရာမှာ အရှေ့ဘက်သို့ ဆက်လက်ဦးတည်သွားပြီး အပူပိုင်းမုန်တိုင်းအဆင့် အားလျော့သွားသည်။ ဟာရီကိန်းမုန်တိုင်းမှာ အမြင့်ဆုံး လေတိုက်နှုန်းအဖြစ် တစ်နာရီ မိုင် ၄၀ နှုန်းသာ ရှိတော့သည်ဟု အမျိုးသားဟာရီကိန်းစင်တာက ထုတ်ပြန်ခဲ့သည်။ သို့သော် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းဆဲဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်မြို့တွင် ပြည်ထောင်စုအရေးပေါ်စီမံ ခန့်ခွဲရေးအေဂျင်စီ(Fema)တွင် သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပြီး လာမည့်အားလပ်ရက်တွင် မုန်တိုင်းသင့်ဒေသသို့ သွားရောက်မည်ဟု ဆိုသည်။ အစောပိုင်းတွင် ဟာရီကိန်းမုန်တိုင်း လော်ရာနှင့် အပူပိုင်းမုန်တိုင်း မာကိုတို့က ကာရေဘီယံဒေသကို ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူ ၂၄ ဦး သေဆုံးခဲ့သည်။                                               


KNT






အခြားဆက်စပ်သတင်းများ