နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်္ဃန်းကျွန်းဘူတာနှင့် ငမိုးရိပ်ဘူတာကြား ရထားလမ်းဘေးတွင် အရက်သောက်စားရာမှ စကားများရန်ဖြစ် ကျောက်ခဲဖြင့်ထုရိုက်သတ်ဖြတ်

ရန်ကုန် ဧပြီ ၂၁ ဧပြီ ၂၀ ရက်၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ (င/က)ရပ်ကွက်ရှိ သင်္ဃန်းကျွန်းဘူတာနှင့် ငမိုးရိပ်ဘူတာကြား မိုင်တိုင်(၄/၂၀-၂၁)၌ အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ရထားသံလမ်းပေါ်၌ အောင်အောင်ဝင်း(ခ) အရဟင်း(၃၅)နှစ်အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အမှုဖွင့် စုံစမ်းခဲ့ရာ ဧပြီ ၁၉ ရက်၊ ည ၁၁ နာရီအချိန် အဆိုပါရထားသံလမ်းဘေးအနီး၌ အောင်အောင်ဝင်း (ခ)အရဟင်း(၃၅)နှစ်၊ မျိုးမင်းထိုက်(ခ) အဒူကရင်(၄၀)နှစ်နှင့် မျိုးဇော်(ခ)ဟာမစ်(၃၁)နှစ်တို့ ၃ ဦးသည် ဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားနေစဉ် စကားများရန်ဖြစ်ရာမှ မျိုးမင်းထိုက်(ခ) အဒူကရင်ပါ ၂ ဦးတို့မှ အောင်အောင်ဝင်း(ခ) အရဟင်းအား ကျောက်ခဲဖြင့်ထုရိုက်သတ်ဖြတ်၍ ရထားသံလမ်းပေါ်သို့ တင်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် မျိုးမင်းထိုက် (ခ)အဒူကရင်နှင့် မျိုးဇော်(ခ)ဟာမစ်တို့ ၂ ဦး(ဖမ်းမိ)အား သုဝဏ္ဏနယ်မြေရဲစခန်း၊ (ပ)၄၇၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄(လူသတ်မှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ