နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားစစ်မြေပြင်တွင် ရုရှားနှင့် အမေရိကန် သံချပ်ကာယာဉ်များ တိုက်မိ

ဒမတ်စကတ်    ဩဂုတ်    ၂၈


ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရုရှားနှင့် အမေရိကန် သံချပ်ကာယာဉ်များ တိုက်မိခဲ့ပြီး အမေရိကန်စစ်သည်အများအပြား ဒဏ်ရာရခဲ့သည့်ဖြစ်ရပ်အတွက် ရုရှားနှင့် အမေရိကန်အစိုးရတို့ကြား အပြန်အလှန် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။ သံချပ်ကာယာဉ်များ တိုက်မိသည့်ဖြစ်ရပ်ကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းကို ရုရှားအမျိုးသားရေးဝက်ဘ်ဆိုက်ဖြစ်သည့် Rusvesna.su က တွစ်တာပေါ်တွင် ဖော်ပြခဲ့ရာ ပြန်လည်ဝေမျှသူ များပြားခဲ့သည်။ အဆိုပါ ရုပ်သံမှတ်တမ်းတွင် သဲကန္တာရယာဉ်တန်းတွင် ပါဝင်သည့် ရုရှားစစ်တပ် သံချပ်ကာကားတစ်စီးက အမေရိကန်သံချပ်ကားကို ဆောင့်တိုက်မိခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာအနီးတွင် ရုရှားရဟတ်ယာဉ်များ ခပ်နိမ့်နိမ့်ပျံသန်းနေကြောင်း တွေ့ရသည်။ ရုရှားယာဉ်တန်း၏ ကင်းလှည့် မှုကို အမေရိကန်သံချပ်ကာယာဉ်က နှောင့်ယှက်ခဲ့ခြင်းဟု ရုရှားနိုင်ငံက ပြောသည်။

 

သို့သော် ရုရှားတပ်ဖွဲ့က လက်ရှောင်နေရန် သဘောတူညီထားသည့် လုံခြုံရေးဇုန်အတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက CBS News ရုပ်သံလိုင်းသို့ ပြောသည်။ အဆိုပါ ဖြစ်ရပ် ကြောင့် အမေရိကန်သံချပ်ကာကားပေါ်တွင် လိုက်ပါလာသူများ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု အိမ်ဖြူတော် က ပြောသည်။ ဆီးရီးယားစစ်မြေပြင်တွင် အမေရိကန်နှင့် ရုရှားတပ်ဖွဲ့များ အပြန်အလှန် ထိတွေ့မှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ တိုက်ခိုက်မိခြင်းမှာ ကြုံတောင့်ကြုံခဲဖြစ်သည်။ ရုရှားနိုင်ငံက ဆီးရီးယားသမ္မတ အာဆတ်အစိုးရကို ထောက်ခံနေပြီး အမေရိကန်နိုင်ငံက ဒေသခံကာ့ဒ်လက်နက်ကိုင်များကို ထောက်ပံ့ပေးလျက် ရှိသည်။ ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ်ကတည်းက ပြည်တွင်းစစ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။                                          


KNT






အခြားဆက်စပ်သတင်းများ