နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိပ်တန်းတင်းနစ်သမား ဂျိုကိုဗစ် ယူအက်စ်အိုးပင်း ဝင်ရောက်ယှဉ်ပြိုင်မယ်

ဩဂုတ်  ၂၈


ထိပ်တန်းကစားသမားတစ်ဦးအနေနဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့တာဝန်ရှိတယ်လို့ ခံစားခဲ့ရကြောင်း ဆားဗီးယားတင်းနစ်ချန်ပီယံ နိုဗက်ဂျိုကိုဗစ်ကပြောဆိုခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးကြောင့် နာမည်ကြီးတင်းနစ်သမားအများစုမှာ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါတယ်။


ဒါပေမယ့် လက်ရှိကမ္ဘာ့အဆင့်တစ် တင်းနစ်သမားဖြစ်တဲ့ ဂျိုကိုဗစ်က လူအများစိုးရိမ်နေကြပေမယ့် ယူအက်စ်အိုးပင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ပြောပါတယ်။ “ထိပ်တန်းတင်းနစ်သမားတစ်ဦးအနေနဲ့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တာဝန်ရှိတယ်လို့  ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ အားကစားပွဲတွေ ဆက်လက်ကျင်းပနိုင်ဖို့အရေးကြီးပါတယ်။ ယူအက်စ်အိုးပင်းမှာဝင်ပြိုင်ဖို့အတွက် အဓိက အကြောင်းအရင်းကို ကျွန်တော်မပြောတတ်ပါဘူး၊ ဒါပေမယ့် ဒီအချက်က ဝင်ပြိုင်ရေးမှာ အကြောင်းအချက် တစ်ခုဖြစ်ပါတယ်”လို့ဂျိုကိုဗစ်ကပြောပါတယ်။


လက်ရှိ ကမ္ဘာ့အဆင့်နှစ်ဖြစ်သူ ရာဖေးလ်နာဒယ်က ကိုဗစ်-၁၉ ရောဂါကို ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့အတွက် ပြိုင်ပွဲမဝင်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ဆွစ်ဇာလန်တင်းနစ် အကျော်အမော် ရော်ဂျာဖက်ဒဲရားမှာလည်း ဒဏ်ရာကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။                                                                                                                                    


  (SO)






အခြားဆက်စပ်သတင်းများ