နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိုအပ်ပါက ဘီလာရုစ်နိုင်ငံသို့ စေလွှတ်ရန် အရန်ရဲတပ်ဖွဲ့ ဖွဲ့စည်းထားဟု ရုရှားသမ္မတ ပူတင် ဆို

မော်စကို    ဩဂုတ်    ၂၈


လိုအပ်လာပါက ဘီလာရုစ်နိုင်ငံသို့ စေလွှတ်၍ ကြားဝင်တားဆီးရန်အတွက် အရန်ရဲတပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်ဟု ရုရှားသမ္မတ ပူတင်က ပြောသည်။ သြဂုတ်လ ၉ ရက်က ကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ လူကာရှန်ကို တစ်ကျော့ပြန် ရွေးကောက်ခံခဲ့ရပြီးနောက် ဘီလာရုစ်နိုင်ငံတွင် ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။ 


ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းတွင် စကားပြောရာ၌ ပူတင်က '' အရန်ရဲတပ်ဖွဲ့ ဖွဲ့စည်းထားပေးဖို့ လူကာရှန်ကို က ကျွန်တော်ကို ပြောပါတယ်။ ကျွန်တော်လည်း ဖွဲ့စည်းပေးထားပါတယ်။ ထိန်းသိမ်းမရတဲ့ အခြေအနေ မရောက်သေးမချင်း အရန်ရဲတပ်ဖွဲ့ကို အသုံးမပြုဘူးလို့ ကျွန်တော်တို့ သဘောတူထားပါတယ်''ဟု ဆိုသည်။ ဆက်စပ်သတင်းတစ်ရပ်အရ အတိုက်အခံ နိုင်ငံရေးသမားများ စီစဉ်ထားသည့် ဆန္ဒပြပွဲမတိုင်မီ ဘီလာရုစ် နိုင်ငံမြို့တော် မင့်စ်မြို့အလယ်တွင် ဘီဘီစီသတင်းအဖွဲ့ အပါအဝင် အနည်းဆုံး ဂျာနယ်လစ် ၁၃ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ 


ဂျာနယ်လစ်များကို မည်သူ၊ မည်ဝါမှန်းသိရအောင် စစ်ဆေးရန် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဘီလာရုစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် ဆန္ဒပြပွဲ သတင်းရယူရာတွင် ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းမှုရှိခဲ့သည်ဟု ဘီဘီစီသတင်းအဖွဲ့မှ စတိဗ်ရိုဆင်ဘာ့ဂ်က ပြောသည်။ နိုင်ငံတကာဥပဒေအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုကို ဖုံးကွယ်ရန်အတွက် ရုရှားသမ္မတ ပူတင်က ဘီလာရုစ်နိုင်ငံတွင် တစ်ကျော့ပြန်ထိန်းချုပ်ရန် ကြံစည်နေသည်ဟု ပိုလန်ဝန်ကြီးချုပ် မိုရာဝစ္စကီက ပြောသည်။ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့မှာ ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်လာသည့် နိုင်ငံအများအပြားဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးဆိုင်ရာ ပူးတွဲသဘောတူညီမှုအဖွဲ့အစည်းတွင် ပါဝင်နေသည့် နိုင်ငံများဖြစ်သည်။ 


KNT






အခြားဆက်စပ်သတင်းများ