နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်၌ စွန့်ပစ်မြေစာပုံပြိုကျ

ဖားကန့် ဧပြီ ၂၁ ဧပြီ ၂၀ ရက်၊ နံနက် ၇ နာရီခွဲအချိန် ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာအနီး ရှိ“ပိုင်ဖြိုးသီဟ”ကုမ္ပဏီလုပ်ကွက်ဟောင်း၌ အကျယ် ၂၀၀ ပေ၊ အမြင့် ၃၀၀ ခန့် စွန့်ပစ်မြေစာပုံ ပြိုကျပြီး အဆိုပါလုပ်ကွက်ဟောင်းအတွင်း၌ ရေမဆေးကျောက်ရှာဖွေနေသူများအား မြေစာများဖုံးဖိသွားကြောင်းသတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ပြီး ဘတ်ဟိုးယာဉ် ၂ စီးဖြင့် ရှာဖွေတူးဖော်ခဲ့ရာ နံနက် ၉ နာရီအချိန်တွင် သေဆုံးသူ လှကိုမင်း (၃၅)နှစ်အားလည်းကောင်း၊ ညနေ ၆ နာရီအချိန်တွင် သေဆုံးသူ မျိုးကို(၂၅)နှစ်၏အားလည်းကောင်း တွေ့ရှိရခဲ့သဖြင့် ဖားကန့်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ