နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှာခေါင်းစည်း(mask)များချုပ်လုပ်ပြီးဖြန့်ဝေလှူဒါန်း

ဟင်္သာတ ဧပြီ ၂၁ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီမှ နှာခေါင်းစည်း mask များချုပ်လုပ်ပြီး အခမဲ့ဖြန့်ဝေလှူဒါန်းလျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှုး ဦးမျိုးအောင် ထံမှသိရသည်။ လတ်တလောဖြစ်ပွားလျက်ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19)ရောဂါသည် မြန်မာနိုင်ငံ အတွင်း၌ ကူးစက်ခံရမှုမြင့်တက်နေရာ ခရိုင်နှင့် မြို့နယ်များအတွင်း ကူးစက်ခံရမှုမရှိစေရေး တစ်ကိုယ်ရည် ကာကွယ်အသုံးပြုနိုင်ရန်နှင့် နှာခေါင်းစည်း(mask)များ ဝယ်ယူနိုင်မှု အခက်အခဲများကို အဆင်ပြေစေရန် အတွက် ချုပ်လုပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနှာခေါင်းစည်း(mask)ချုပ်ရန် ကုန်ကြမ်းပစ္စည်းများကို ဟင်္သာတခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီက ဝယ်ယူထောက်ပံ့ပေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များက လုပ်အားဒါနပေးလှူချုပ်လုပ်ပေးနေကြောင်း ဦးဆောင်သူ ခရိုင်ထွေ/အုပ် ဒုတိယဦးစီးမှူး ဒေါ်အေးအေးမွန်က ပြောသည်။ ယခုလက်ရှိတွင် နှာခေါင်းစည်း(mask) ၁၀၀၀ ကျော်ကို ပြည်သူနှင့်အများဆုံးထိတွေ့ဆက်ဆံရသည့် ရုံးဌာနများနှင့် mask ဝယ်ယူရန်အခက်အခဲရှိသည့် အခြေခံလူတန်းစား ပြည်သူများကို ထောက်ပံ့လှူဒါန်း ပေးလျက်ရှိပြီး ဆက်လက်လှူဒါန်းရန် mask ၁၀၀၀ ကျော် ထပ်မံချုပ်လုပ်နေကြောင်း သိရသည်။ ကျော်ကျော်(ဟင်္သာတ)






အခြားဆက်စပ်သတင်းများ