ဩဂုတ် ၂၇
လက်စတာစီးတီးအသင်းက တိုက်စစ်မှူး ဗာဒီကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။ အသက် ၃၃ နှစ်အရွယ်ရှိ ဗာဒီသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက ပရီးမီးယားလိဂ်၏ ဂိုးသွင်း ဘုရင်ဆုကိုရရှိခဲ့ပြီး အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သော် လည်း စာချုပ် သစ်အရ ၂၀၂၃ ခုနှစ်ထိ အသင်းတွင်ဆက်ရှိနေမည်ဖြစ်သည်။
ဗာဒီသည် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားခဲ့ခြင်းမရှိသော်လည်း ယင်း၏ ကစားသမားဘဝနောက်ဆုံးအချိန်အထိ လက်စတာအသင်းတွင် ကစားခွင့်ရရှိမည်ဖြစ်သည့်အတွက် ပျော်ရွှင်နေကြောင်း သိရသည်။ ဗာဒီအနေဖြင့် လက်စတာအသင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့် ကာလတစ်လျှောက် အသင်းကြီးများ၏ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့သော်လည်း ယင်းအနေဖြင့် လက်စတာ အသင်း၌သာ ဆက်လက်ကစားသွားရန် ဆုံးဖြတ်ခဲ့သည်။
(သူရိန်)