ဩဂုတ် ၂၇
ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း မက်ဆီအသင်းကနေ ထွက်ခွာခွင့်တောင်းပါက ခွင့်ပြုမယ်ဆိုပေမယ့် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၀ အလိုရှိနေကြောင်းသိရပါတယ်။ ဒါဟာ စာချုပ်ပါ အတိုင်းဖြစ်ပါတယ်။ ဘာစီရဲ့နည်းပြသစ် ရော်နယ်လ်ကိုးမန်းက အသင်းခေါင်းဆောင်မက်ဆီနဲ့ တွေ့ဆုံ ပြောကြားခဲ့မှုတွေကို မီဒီယာတွေကဖော်ပြနေတာကြောင့် သတင်းပေါက်ကြားမှုရှိကြောင်းသိရပြီး ဒေါသထွက် နေပါတယ်။
နေမာကိုရောင်းပြီး အစားပြန်မဖြည့်နိုင်မှု၊ အသင်းဥက္ကဋ္ဌ ဘာတိုမြူအပေါ် အမြင်မကြည်လင်မှု တွေကြောင့် သင်္ဘောပျက်ကြီးကိုစွန့်ခွာသွားမယ့်လူဆိုးတစ်ဦးအဖြစ် ပုံဖော်ခံနေရခြင်းတို့ကြောင့် မက်ဆီ စိတ်ပျက်နေရခြင်းဖြစ်ပါတယ်။ကိုးမန်းကတော့ မက်ဆီဘာစီလိုနာမှာ ဆက်ရှိနေစေချင်တယ်လို့ပြောကြားခဲ့ပါတယ်။ နွေအပြောင်း အရွှေ့မှာ မက်ဆီအပြောင်းအရွှေ့ပိုလှုပ်ခတ်လာပါတယ်။ ဘာစီတာဝန်ရှိသူများက မက်ဆီကို ဗဟိုပြုကာ လူငယ်ကစားသမားများ မွေးထုတ်ပေးရန်ဆန္ဒရှိနေပါတယ်။
ဒီနွေဈေးကွက်မှာ ဆွာရက်ဇ်နဲ့ ရာကီတစ်တို့ကို ရောင်းထုတ်နိုင်ရေးဟာ ဘာစီအသင်းဘုတ်အဖွဲ့ရဲ့အဓိကပစ်မှတ်ဖြစ်ပါတယ်လို့ စပိန်သတင်းမှာ ဖော်ပြနေ ကြပါတယ်။ ဆွာရက်ဇ်ကတော့ ဘာစီက မထွက်ခွာချင်ပါ။ အရန်အဖြစ်ထားရင်တောင် နေမှာပါလို့ဆိုထား ပါတယ်။ ရာကီတစ်ကတော့ အသင်းဟောင်း ဆီဗီလာဆီကို ပြောင်းဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။ နည်းပြသစ် ကိုးမန်းကတော့ ဆွာရက်ဇ်နေရာမှာအစားထိုးဖို့ လိုင်ယွန်နဲ့ နယ်သာလန်တိုက်စစ်မှူး ဒီပေးကို အစားထိုးခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ သတင်းများထွက်နေပါတယ်။
(SO)