နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာတူညီမျှ သမဝါယမ

ရန်ကုန်၊ ဩဂုတ် ၂၇


မြန်မာနိုင်ငံတွင် သမဝါယမစနစ်ကို ၁၉ ရာစုနှစ်အစဦးပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့မှစတင်ခဲ့ သည်။ နှစ်ပေါင်း ၁၀၀ ကျော် ပြည်သူလူထု၏အကျိုးကို တတ်စွမ်းသမျှ သမဝါယမစနစ်ဖြစ် ဆောင်ရွက်ခဲ့သည်။ သမဝါယမစနစ်သည် နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ကြသည်။ သမဝါယမစနစ်၏ အနှစ်သာရမှာ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်း၊ အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြစ်သည်။

ဆင်းရဲနွမ်းပါးသူများသည် စားရေး၊ ဝတ်ရေး၊ နေရေး မကြောင့်ကြရန် လိုအပ်ရာအလုပ်အကိုင်ရရှိရေးသည် အဓိကကျသည်။ မိသားစုဝင်ငွေရရှိမှ သား၊ သမီးများကို ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်အတွက် တစ်ဦးချင်းအလုပ်ကြိုးစားလုပ်ကြရန် လိုအပ်ပေရာ မိမိဘဝတိုးတက်အောင် ပံ့ပိုးကူညီ ထောက်ပံ့မှုများဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနအနေဖြင့် ဒေသတွင်း စားသုံးမှုဖူလုံစေရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စွာ လည်ပတ်စေရေးအတွက် သမဝါယမကဏ္ဍက အထောက်အကူပြုဆောင်ရွက်မှုအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုမှထွက်ရှိသည့် ကုန်ပစ္စည်းများကို အခြားသော တိုင်းဒေသကြီးများတွင် ဈေးနှုန်းချိုသာစွာဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ အောင်ပန်းမြို့နယ်နှင့် တောင်ကြီးမြို့နယ် ဒေသထွက် အာလူးနှင့် ကြက်သွန်ဖြူများကို ကရင်ပြည်နယ် သမဝါယမအသင်းစုချုပ်က သွားရောက်ဝယ်ယူ၍ ကရင်ပြည်နယ်ရှိ မြို့နယ်သမဝါယမအသင်းများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ 

သမဝါယမဦးစီးဌာနသည် ပြည်သူများလိုအပ်နေသည့် စိုက်ပျိုးရေးနှင့် အိမ်တွင်းလုပ်ငန်းအတွက် အသေးစားအရင်းအနှီးချေးငွေ ထုတ်ပေးခြင်း၊ လယ်ယာနှင့် ရေလုပ်ငန်းသုံးပစ္စည်း၊ အခြားလုပ်ငန်းသုံးပစ္စည်း များကို အရစ်ကျငွေချေးစနစ်ဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ EXIN BANK မှ ချေးငွေရယူထားသော သမဝါယမအသင်း ၁၆၉ သင်းမှ အသင်းသား ဦးရေ ၁၂၈၆၈ ဦးသည် သတ်မှတ်အကြိမ်တိုင်းတွင် အချိန်မီမှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်လျက်ရှိရာ အသင်းမှ ချေးငွေတစ်ကြိမ်ထုတ်ချေးတိုင်း အသင်းသားကို ၁၀ ရာခိုင်နှုန်း အသင်းစုဆောင်းငွေသည် ထည့်ဝင်စနစ်ဖြင့် စုဆောင်းရာ စုဆောင်းငွေကျပ်သိန်းပေါင်း ၂၆၅၇၅ ဒသမ ၃၅ ရှိလာပြီဖြစ်သည်။

အောင်မြင်သော သမဝါယမစနစ်ကိုထူထောင်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လူမှုစီးပွားဘဝမြှင့်တင်ရာတွင် သာတူညီမျှ သမဝါယမစနစ်က လက်တွေ့ကျမှန်ကန်သည့်လုပ်ငန်းစဉ်ဟု ဆိုချင်ပါကြောင်း။       ။






အခြားဆက်စပ်သတင်းများ