နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲတွင် ဂျိုးဘိုင်ဒင် အနိုင်ရပါက အမေရိကန်နိုင်ငံ လုံခြုံစိတ်ချရမည်မဟုတ်ဟု မိုက်ပန့်စ် ဝေဖန်

ဝါရှင်တန်၊ ဩဂုတ် ၂၇


လာမည့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင် အနိုင်ရခဲ့ပါက အမေရိကန်နိုင်ငံရှိ မြို့များတွင် ဆူပူအုံကြွမှုများ ပျံ့နှံ့သွားလိမ့်မည်ဟု အမေရိကန်နိုင်ငံ ဒုတိယသမ္မတ မိုက်ပန့်စ်က သတိပေးခဲ့သည်။ ဒေါ်နယ်ထရမ့်နှင့် ဂျိုးဘိုင်ဒင်တို့ ယှဉ်ပြိုင်ရွေးကောက်ခံမည့် သမ္မတရွေးကောက်ပွဲမှာ တရားဥပဒေစိုးမိုးမှုနှင့် တရားဥပဒေကင်းမဲ့မှုကို ရွေးချယ်ရသည့်မဲပေးမှုဖြစ်သည်ဟု မိုက်ပန့်စ်က ပြောသည်။

'' ခါးသီးတဲ့အမှန်တရားကတော့ ဂျိုးဘိုင်ဒင် ဦးဆောင်မယ့် အမေရိကန်နိုင်ငံမှာ ခင်ဗျားတို့လုံခြုံစိတ်ချရမှာ မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးမှုအပေါ် အားပေးထောက်ခံမှုနဲ့ ကျွန်တော်တို့မြို့တွေမှာ လူနေမှုဘဝတိုးတက်ဖို့ အာဖရိကန်-အမေရိကန်အိမ်နီးချင်းတွေနဲ့အတူ ယှဉ်တွဲရပ်တည်မှု ၂ ခုထဲက တစ်ခုကို ကျွန်တော်တို့ ရွေးချယ်လို့မရဘူးဆိုတာ အမေရိကန်ပြည်သူတွေ သိကြပါတယ်''ဟု မိုက်ပန့်စ်က ပြောသည်။

 

အမေရိကန်နိုင်ငံ တွင် လူနည်းစုများအပေါ် ပြောင်ပြောင်တင်းတင်း ဖိနှိပ်ဆက်ဆံမှု၊ စနစ်တကျ လူမျိုးရေးခွဲခြားမှုရှိနေသည်ဟု မှတ်ချက်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို မိုက်ပန့်စ်က ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့သည်။ '' ဒီရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အတွက် မဲပေးဖို့ဆိုရင် ပုလင်းကွဲပုံပေါ် တွားသွားရရင်တောင် မဲပေးမှာပါ။ မိုက်ပန့်စ်ကတော့ အမေရိကန်နိုင်ငံရဲ့ လမ်းတွေကို မလုံမခြုံဖြစ်စေမယ့်၊ အမေရိကန်နိုင်ငံရဲ့မြို့တွေကို ဆူပူအုံကြွစေမယ့် မူဝါဒတွေပဲ ထပ်တိုး ချမှတ်မှာပါ''ဟု မိုက်ပန့်စ်က ပြောသည်။အဓိကဦးစားပေးလုပ်ဆောင်နေသည်ဟု ယင်းက ဆိုသည်။          


KNT






အခြားဆက်စပ်သတင်းများ