နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ္ပလီကျွန်းစုရှိ လူရိုင်းမျိုးနွယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိ

နယူးဒေလီ၊ ဩဂုတ် ၂၇


အိန္ဒိယနိုင်ငံပိုင် ကပ္ပလီကျွန်းစု၏ ဝေးလံခေါင်သီသည့်နေရာတွင် နေထိုင်သော လူရိုင်းမျိုးနွယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဂရိတ်တားအန်ဒမန်နိစ်လူရိုင်းမျိုးနွယ်လေးဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး နှစ်ဦးကို ဆေးရုံတင်ပို့ထားသည်။ ကျန်နှစ်ဦးကိုမူ စောင့်ရှောက်ရေး စင်တာတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည်။ ဂရိတ်တားအန်ဒမန်နိစ်လူရိုင်းမျိုးနွယ်များမှာ လူဦးရေ ၅၃ ယောက်သာ ကျန်ရှိတော့ပြီး လူဦးရေအထူထပ်ဆုံး ကျွန်းတစ်ကျွန်းတွင် နေထိုင်ကြသည်။

 

အရှေ့ပိုင်းကျွန်းစုများဖြစ်သည့် ကပ္ပလီကျွန်းနှင့် နီကိုဘားကျွန်းတို့တွင် ပြီးခဲ့သည့်ဇွန်လအစောပိုင်း က ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု စတင်တွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူ ၂၉၈၅ ဦး၊ သေဆုံးသူ ၄၁ဦး ရှိခဲ့သည်။ ကပ္ပလီကျွန်း၏မြို့တော် ပို့တ်ဘလဲမြို့အနီးရှိ ရေလက်ကြားကျွန်းတွင် ရောဂါကူးစက်မှုများ ဖြစ်ပွားနေခြင်းကြောင့် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဂရိတ်တားအန်ဒမန်နိစ်လူရိုင်းမျိုးနွယ် ၅၃ ဦးလုံးကို ရောဂါပိုးစစ်ဆေးခဲ့ရာ လေးဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဂရိတ်တားအန်ဒမန်နိစ် လူရိုင်းမျိုးနွယ် အများအပြားမှာ ပို့တ်ဘလဲမြို့နှင့် ရေလက်ကြားကျွန်းသို့ ကူးချည်သန်းချည် လုပ်နေသူများဖြစ်၍ ရောဂါပိုး ကူးစက်ခံရခြင်းဖြစ်နိုင်သည်ဟု ကျန်းမာရေးအရာရှိ ဒေါက်တာရွိုင်းက ပြောသည်။ လက်ရှိအချိန်တွင် ကပ္ပလီကျွန်းစုတွင် မှီတင်းနေထိုင်ကြသည့် အခြားလူရိုင်းမျိုးနွယ်များထံသို့ ရောဂါကူးစက်ပျံ့နှံ့မသွားစေရန် အဓိကဦးစားပေးလုပ်ဆောင်နေသည်ဟု ယင်းက ဆိုသည်။                                                                  


KNT






အခြားဆက်စပ်သတင်းများ