နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီးယားလှုပ်ရှားမှုများ လုပ်ခဲ့ဖွယ်ရှိသည့် နေရာ ၂ ခုကို အီရန်နိုင်ငံက စစ်ဆေးခွင့်ပြု

တီဟီရန်၊ ဩဂုတ် ၂၇


နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ စုံစမ်းစစ်ဆေးသူများကို နျူကလီးယားလှုပ်ရှားမှုများနှင့် ဆက်နွှယ်နေသည်ဟု ယူဆရသည့် နေရာ ၂ ခုသို့ လာရောက်စစ်ဆေးခွင့်ပေးရန် အီရန်နိုင်ငံက သဘောတူညီခဲ့ သည်။ နျူကလီးယားလုံခြုံရေးနှင့်ဆက်နွှယ်သည့် အကြောင်းအရာများကို ဖြေရှင်းနိုင်မည်ဆိုသည့် ကောင်းမွန် သောယုံကြည်ချက်ဖြင့် အီရန်နိုင်ငံက လုပ်ဆောင်နေသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ အထွေထွေညွှန်ကြားရေးမှူးက တီဟီရန်မြို့သို့ လာရောက်သည့် ခရီးစဉ်တွင် ယခုကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါနေရာ ၂ ခုတွင် နျူကလီးယားပစ္စည်းများကို မဖော်ပြဘဲ ထားဖွယ်ရှိခြင်း၊ နျူကလီးယားနှင့်ဆက်နွှယ်သည့် လှုပ်ရှားမှုများအကြောင်း မေးခွန်းထုတ်မှုများကို အီရန်နိုင်ငံက မဖြေဆိုခဲ့သည့်အပြင် ကြည့်ရှုစစ်ဆေးခွင့်မပေးခြင်းကြောင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက အီရန်နိုင်ငံအပေါ် ဝေဖန်ခဲ့ဖူးသည်။ အီရန်နိုင်ငံမှာ ယင်းတို့၏ နျူကလီးယားစီမံကိန်းကို ကန့်သတ်ရန် ကမ္ဘာ့ အင်အားကြီးနိုင်ငံများနှင့် သမိုင်းဝင်စာချုပ်ချုပ်ဆိုခဲ့သည့် ၂၀၁၅ ခုနှစ်မတိုင်မီ အချိန်အတော်ကြာကတည်းက အဆိုပါနေရာ ၂ ခုတွင် နျူကလီးယားလှုပ်ရှားမှုများ လုပ်ခဲ့သည်ဟု ယူဆထားကြသည်။

 

အီရန်နိုင်ငံက နျူကလီးယားလက်နက်များ ရရှိအောင် လုံးဝကြိုးစားခဲ့ခြင်းမရှိဟု ဆိုခဲ့သော်လည်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက စုဆောင်းရယူခဲ့သည့် သက်သေအထောက်အထားများအရ အီရန် နိုင်ငံမှာ ၂၀၀၃ ခုနှစ်မတိုင်မီက နျူကလီးယားဖောက်ခွဲရေးပစ္စည်း ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်းသည့် လှုပ်ရှားမှု အများအပြားလုပ်ခဲ့သည်ဟု ယူဆစရာဖြစ်သည်။                                                                                

KNT






အခြားဆက်စပ်သတင်းများ