နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နစ္စတန်တွင် ရေကြီးရေလျှံ၍ အနည်းဆုံး လူ ၁၀၀ သေဆုံး

ကာဘူးလ်၊ ဩဂုတ် ၂၇


အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ပါဝမ်ပြည်နယ်တွင် ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ကြောင်း အရာရှိများက ပြောသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လူအများစု အိပ်ပျော်နေချိန်တွင် ချာရီကာမြို့၌ ရေကြီးရေလျှံခဲ့ခြင်းဖြစ်သည်။ အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့သည့်အပြင် လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး နေအိမ် ၅၀၀ နီးပါး ပျက်စီးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ပြောသည်။

 

ကယ်ဆယ်ရေးလုပ်သားများက အပျက်အစီးများကြားတွင် အသက်ရှင်ကျန်ရစ်သူ ရှိ၊ မရှိ ရှာဖွေနေဆဲ ဖြစ်ပြီး သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာဖွယ်ရှိသည်ဟု အရာရှိများက ဆိုသည်။ သေဆုံးသူများ တွင် ကလေးငယ်များလည်း ပါဝင်သည်ဟု ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဂါနီက သေဆုံးသူများအတွက် အရေးပေါ်ထောက်ပံ့ကူညီမှုလုပ်ရန် ညွှန်ကြားခဲ့ကြောင်း သမ္မတနန်းတော်က ထုတ်ပြန်ခဲ့ သည်။ ရေကြီးရေလျှံမှုမှ အသက်ရှင်လွတ်မြောက်လာသူများမှာလည်း အစားအစာနှင့် ခိုလှုံစရာနေရာ လိုအပ်လျက်ရှိသည်။


KNT






အခြားဆက်စပ်သတင်းများ