နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံတွင် သုံးရက်ဆက်တိုက် ဆူပူအုံကြွမှုဖြစ်ပွားပြီး လူနှစ်ဦး သေဆုံး

ဝါရှင်တန်၊ ဩဂုတ် ၂၇


လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံ ကီနိုရှာမြို့တွင် ၃ ရက်ဆက်တိုက် ဆူပူအုံကြွမှုများ ဖြစ်ပွားလျက်ရှိရာ တတိယနေ့ ရုန်းရင်းဆန်ခတ်မှုများတွင် လူနှစ်ဦး သေဆုံးပြီး လူတစ်ဦး ဒဏ်ရာရခဲ့သည်။ အသက် ၂၉ နှစ်ရှိသည့် ဂျေကော့ဘလိတ်မှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ယင်း၏ကားအတွင်း ဝင်ရောက်ရန် ကြိုးပမ်းနေစဉ် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုခံခဲ့ရသည်။ အခင်းဖြစ်ပွားချိန်က ကားနောက်ခန်းတွင် ယင်း၏ ကလေးငယ်များ ရှိနေသည်။ ပြီးခဲ့သည့်အင်္ဂါနေ့ည ရုန်းရင်းဆန်ခတ်မှုတွင် ဂျေကော့ဘလိတ် ပစ်ခတ်ခံရခြင်းကို ဒေါသထွက်နေသည့် ဆန္ဒပြသူများ ပါဝင်ခဲ့ဖွယ်ရှိပြီး လက်နက်ကိုင်ထားသည့် အမျိုးသားတစ်စုက ဓာတ်ဆီဆိုင်အပြင်တွင် ဝိုင်းရံစောင့်ကြပ်နေကြောင်း တွေ့ရသည်။ 


ဆန္ဒပြပွဲများတွင် ဆူပူအုံကြွမှုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီးနောက် အဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့သည်။ ပြည်ထောင်စုအရာရှိများနှင့် အမျိုးသားသက်စောင့်တပ်ဖွဲ့ကို ကီနိုရှာမြို့သို့စေလွှတ်ပြီး တရားဥပဒေ စိုးမိုးအောင် ဆောင်ရွက်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ '' အမေရိကန်နိုင်ငံရဲ့ လမ်းတွေပေါ်မှာ လုယက်တာ၊ မီးရှို့တာ၊ ဆူပူအုံကြွတာ၊ ဥပဒေမဲ့လှုပ်ရှားနေတာတွေကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။ ကျွန်တော့်အဖွဲ့က ပြည်နယ်အုပ်ချုပ်ရေးမှူး အဲဗားဆီ ဖုန်းဆက်ပြီးပါပြီ။ သူကလည်း ပြည်ထောင်စုရဲ့ အထောက်အပံ့ရယူဖို့ သဘောတူခဲ့ပါတယ်''ဟု ဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

ဂျေဆင်ဘလိတ်မှာ ဆေးရုံတွင်ကုသမှု ခံယူနေရပြီး သတိ ကောင်းစွာပြန်ရနေပြီဟု ယင်း၏ မိခင်က ဆိုသည်။ သို့သော် ယင်းအနေဖြင့် ပဉ္စလက်ဆန်သည့် အခြေအနေမျိုးကြုံမှသာ လမ်းပြန်လျှောက်နိုင်လိမ့်မည် ဟု ယင်း၏ရှေ့နေက ပြောသည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့်ပတ်သက်၍ ဓာတ်ဆီဆိုင်အပြင်ဘက်တွင် သေနတ်များဖြင့် စောင့်ကြပ်နေသည့် လူတစ်စုကို အဓိကအာရုံစိုက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဟု ကီနိုရှာကောင်တီ တရားဥပဒေစိုးမိုးရေးအရာရှိ ဒေးဗစ်ဘက်က ပြောသည်။


KNT






အခြားဆက်စပ်သတင်းများ