နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Viber က Facebook နှင့် စီးပွားရေးလုပ်ဆောင်ချက်များဖျက်သိမ်း

ဩဂုတ်  ၂၆


Viber က Facebook နှင့်ဆက်စပ်နေသည့် စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်များကို ဖျက်သိမ်းလိုက် ကြောင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။


အဆိုပါ messaging app သည်နာမည်ကြီး Facebook ကို သပိတ်မှောက်/ဆန့်ကျင်ဆန္ဒပြသည့် #StopHateForProfit လှုပ်ရှားမှုကို အရှိန်မြှင့်တင်လုပ်ဆောင်ပြီး Facebook နှင့်ချိတ်ဆက်ပြီး အသုံးပြုမှုများ၊ Facebook ဆိုင်ရာ ဆော့ဖ်ဝဲလ် ဖန်တီးမှုများနှင့် GIPHY လုပ်ဆောင်ချက်များကိုဖယ်ရှားပြီး အဆိုပါဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တွင် ကြော်ငြာ သုံးစရိတ်များကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။

 

Facebook ၏ အမုန်းစကား (hate-speech) ပြဿနာသည် Viber ၏ ယုံကြည်ချက်ဖြင့်သွေဖီနေသော ကြောင့် #StopHateForProfit လှုပ်ရှားမှုကို ထောက်ခံသည့်နောက်တစ်ဆင့်အနေဖြင့် Facebook  နှင့်ပတ်သက် သည့် စီးပွားရေးဆိုင်ရာလုပ်ဆောင်ချက်အားလုံးကို ရပ်တန့်သွားမည်ဟု ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 


Facebook ပေါ်ရှိ Viber အက်ပလီကေးရှင်းနှင့်ပတ်သက်သည့်လုပ်ဆောင်ချက်အားလုံးကိုဖယ်ရှားပြီး ပါက Facebook ရှိ ကြော်ငြာအသုံးစရိတ်များချက်ချင်းရပ်ဆိုင်းသွားမည်ဖြစ်သည်။                            


(HWY)






အခြားဆက်စပ်သတင်းများ