နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Batman အဖြစ် ထပ်မံမြင်တွေ့ခွင့်ရမည့် Ben Affleck

ဩဂုတ်  ၂၆


Batman မင်းသားကြီး Ben Affleck ကို စူပါဟီးရိုးပရိသတ်အတော်များများသိကြပြီးဖြစ်သည်။ Batman Vs Superman, Justice League, Daredevil, Suicide Squad အစရှိသည့် စူပါဟီးရိုးဇာတ်ကားများတွင် Batman အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သကဲ့သို့ Good Will Hunting, The Town, The Accountant, Pearl Harbor, Armageddon, Live by Night အစရှိသည့် နာမည်ကြီးဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည့် ဝါရင့်မင်းသားကြီးတစ်ယောက်ဖြစ်သည်။ ယခုအခါ Ben သည် Batman နေရာမှ နောက်ဆုံးအနေဖြင့် ၂၀၂၂ ခုနှစ်တွင်ထွက်ရှိမည့် Flash ၏ ဇာတ်ကားတွင် ပါဝင်သွားမည်ဖြစ်ကြောင်း People သတင်းဌာန၏ဖော်ပြချက်အရ သိရှိရသည်။


ထို့အပြင် အဆိုပါ Flash ၏ ဇာတ်ကားအသစ်ထဲတွင် Ezra Miller ကိုလည်း Flash နေရာတွင် ပြန်လည်တွေ့ရှိရမည်ဖြစ်သည်။  အဆိုပါဇာတ်ကားထဲတွင် Flash သည် အခြား parallel universe များကို သွားရောက်လည်ပတ်သည့်အခါ မတူညီသည့် ကမ္ဘာကမတူညီသည့် စူပါဟီးရိုးများကို တစ်ယောက်ချင်းသွား တွေ့ရမည်ဖြစ်သည်။ ထို့အပြင် ၁၉၈၉ ခုနှစ် က Time Burton ရိုက်ကူးခဲ့သည့် Batman ဇာတ်ကားထဲက Batman မင်းသားကြီး Micheal Keaton ကိုလည်း အဆိုပါ ဇာတ်ကားထဲတွင် Batman ကြီးအဖြစ် ပြန်လည်မြင်တွေ့ရမည်ဖြစ်သည်။ 


၂၀၁၇  ခုနှစ်က ထွက်ရှိခဲ့သည့် Justice League  ဇာတ်ကားသည်လည်း  မအောင်မြင်ခဲ့သည့်အတွက်ကြောင့် Ben  သည်  နောက်ထပ် Batman ဇာတ်ကောင်နေရာတွင်ထပ်ပြီး သရုပ်ဆောင်မလုပ်တော့ရန် ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့သေးသည်။ “ကျွန်တော် Batman နေရာမှာ ထပ်ပြီးသရုပ်မဆောင်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်တွေကြောင့် Flash ရဲ့ ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်”ဟု Ben က ပြောကြားခဲ့သည်။                                                           


(HWY)






အခြားဆက်စပ်သတင်းများ